Phone09 4577 00 110 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.

ကုဋေရှစ်ဆယ် တိုးစေတဲ့ငွေစုနည်း

Category : Article, Insurance | Date : February 26, 2020

“ချွေတာစုဆောင်း သူဌေးလောင်း” တဲ့ ကျွန်တော်က ဘဝရှေ့ရေးအတွက် စုဆောင်းတတ်တဲ့အကျင့်ကောင်းလေး ရှိသူပါ… အရင်တုန်းကတော့ ကျွန်တော် ရွှေတုံးလေးတွေဝယ်စုတယ်. ဒီလိုစုတတ်တာဟာ ကောင်းတော့ကောင်းပေမယ့် ရှိရင်းစွဲကို ဖဲ့စုရတာဆိုတော့ စုရင်းသုံးရင်းပဲကုန်တော့တာပေါ့….

ယမ်းအာမခံရဲ့ အတိုးရအာမခံ အကြောင်းသိခဲ့ရတဲ့အချိန်မှာတော့ စုဆောင်းမှုအကောင်းဆုံး နည်းလမ်းပဲလို့ သိလိုက်ရတာနဲ့ ဒီ အာမခံ ကို အရယူဖို့ ဆုံးဖြတ်လိုက်တော့တယ်...
ဒီ အာမခံကတော့ “နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ” လို့ခေါ်ပါတယ်၊ စုဆောင်းတဲ့နည်းလမ်းတွေအများကြီးထဲက ဘာကြောင့် ကျွန်တော် ဒီ အာမခံကို အရယူလိုက်ရလည်းဆိုတာကို ပြောပြရမယ်ဆိုရင် ကိုယ်ကိုယ်တိုင်၊ ဒါမှမဟုတ် ဇနီး ခင်ပွန်း အပြန်အလှန်အသက်အာမခံ ထားနိုင်ပါတယ်၊ ဒါအပြင် မိဘကနေ သား၊ သမီးရဲ့ အသက်ကို အာမခံ ထားပေးနိုင်တယ်....

အာမခံသက်တမ်း ကလည်း (၅) နှစ် ကနေ (၁၀) နှစ် အထိ ထားနိုင်တယ်ဆိုတော့ ပိုပြီးစုမိဆောင်းမိတာကိုတွေးမိလိုက်တယ်...
အကျိုးခံစားခွင့်တွေကိုကြည့်တော့ ...
- နှစ်စေ့ အကျိုးခံစားခွင့်
- သေဆုံးမှုအကျိုးခံစားခွင့်
- ထာဝစဉ်မသန်မစွမ်းအကျိုးခံစားခွင့်
- အမ်းငွေထုတ်ယူခြင်း
- ချေးငွေရနိုင်ခြင်း စတဲ့ အကျိုးတွေလည်းရနိုင်တယ်…

ကိုယ့်ဘာသာစုဆောင်းတဲ့ ငွေကြေးက စုရင်းကုန်ရင်းဖြစ်နေပေမယ့် သူကတော့အတိုးလည်းရ ဒီလိုအကျိုးခံစားခွင့် တွေလည်းရှိနေတော့ ပိုပြီးတော့ စုမိဆောင်းမိတာကိုမြင်လာလို့ “နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ” ကို အရယူထားလိုက်တာပါပဲ...

အခုဆိုရင် ငွေလည်းစုမိ အတိုးလည်းပွား ဘဝအတွက်လည်းအာမခံချက်ရှိတဲ့ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံအကြောင်း ပြောပြပြီးပြီဆိုတော့ မိတ်ဆွေတို့လည်း ကျွန်တော်လို ဘဝအာမခံချက်ရှိတဲ့ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ ရဲ့ အသေးစိတ် အချက်အလက်တွေကို သိရဖို့ ယမ်းအာမခံ ကိုအခုပဲဆက်သွယ်မေးမြန်းနိုင်ပါပြီ...

“တိကျမြန်ဆန် ယမ်းအာမခံ”