Phone09 4577 00 110 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.

“မတော်တဆ” ဆိုတဲ့ခေါင်းစဉ်အောက် နစ်နာမှုတွေမဖြစ်ရအောင်

Category : Article, Travel | Date : December 18, 2019

ဘာကိုမှကြိုတင်တွက်ဆထားလို့ မရနိုင်တဲ့လောကကြီးထဲမှာ မတော်တဆ ဆိုတဲ့ခေါင်းစဉ်အောက် နစ်နာမှုတွေ ဘယ်လောက်များရှိနေပြီလဲ?....

လူတော်တော်များများဟာ အကြောင်းကိစ္စအမျိုးမျိုးကြောင့် ခရီးသွားလာခြင်းနဲ့ မလွတ်ကင်းနိုင်ကြပါဘူး….

အပျော်ခရီးထွက်မယ် ၊ အလုပ်ကိစ္စနဲ့ ခရီးထွက်မယ် ၊ မိသားစုကိစ္စကြောင့်ခရီးထွက်မယ် ၊ လူမှုရေးအတွက်ခရီးထွက်မယ် စတဲ့အကြောင်းအရာတွေအားလုံးကြောင့် ခရီးသွားခြင်းဟာ ကျွန်တော်တို့နဲ့ ဒွန်တွဲနေတဲ့ အရာတစ်ခုဖြစ်နေပါတယ်….

ဒါကြောင့် ဘယ်လိုကိစ္စကြောင့်ပဲခရီးသွားသွား ၊ ဘယ်ခရီးကိုပဲသွားသွား ၊ ဘယ်လိုယာဉ်နဲ့ပဲ သွားသွား အာမခံထားပြီး ခရီးသွားစေချင်ပါတယ်….
ယမ်းအာမခံရဲ့ အထူးခရီးသွား အာမခံ နဲ့အတူခရီးသွားမယ့် မိတ်ဆွေတွေအတွက် အာမခံ သက်တမ်းက ဘယ်လို လဲ?ပရီမီယံ နှုန်းထားတွေကရော ဘယ်လိုလဲ? ဘယ်လို ခံစားခွင့်တွေ ရရှိမလဲ ဆက်ကြည့်လိုက်ကြရအောင်…

အထူးခရီးသွားအာမခံခေါင်းစဉ်အောက်...မွှေနှောက်ရှာဖွေကြည့်လိုက်မယ်ဆိုရင်...အဓိကအားဖြင့် (၄)မျိုးတွေ့ရှိပါတယ်...

(၁) အာမခံထားခွင့်ရှိသူ

အဝေးပြေးအမြန်လမ်းတွင် မိုင်(၁ဝဝ)အထက် ပြေးဆွဲနေသော အဝေးပြေးယာဉ်များတွင် လိုက်ပါစီးနင်းသောခရီးသည်များ ယာဉ်မောင်း၊ ယာဉ်အကူ၊ ယာဉ်နောက်လိုက်များထားခွင့်ရှိပါသည်။

(၂) အာမခံသက်တမ်း

အဝေးပြေးယာဉ်လိုင်းစီးခရီးသည်များအတွက် ခရီးစဉ်အစမှ ခရီးအဆုံးရောက်ရှိချိန်ထိကိုယ်ပိုင်ယာဉ်ဖြင့် ခရီးသွားသူများအတွက် ခရီးစဉ်အစမှ ခရီးဆုံးရောက်ရှိချိန်ထိ(၂၄)နာရီအတွင်းသာထားရှိလို့ရမှာ ဖြစ်ပါတယ်...

(၃) ပရီမီယံနှုန်း

အဝေးပြေးယာဉ်လိုင်းစီးခရီးသည်တစ်ဦးလျှင် - (၁) ယူနစ် ကျပ် ၃ဝဝ/- ထားရှိရမှာ ဖြစ်ပြီး ကိုယ်ပိုင်ယာဉ်စီးတစ်ဦးလျှင် -(၁) ယူနစ် ကျပ် ၃ဝဝ/-(၂) ယူနစ် ကျပ် ၆ဝဝ/- ထားရှိရမှာ ဖြစ်ပါတယ်...

(၄) အကျိုးခံစားခွင့်များ

ယာဉ်မတော်တဆထိခိုက်မှုကြောင့် သေဆုံးမှု လျော်ကြေး ငွေကျပ်သိန်း(၃ဝ)ရရှိနိုင်ပါသည်။
ထိခိုက်ဒဏ်ရာရရှိက ဒဏ်ရာအခြေအနေပေါ်မူတည်၍ အများဆုံးကျပ်(၂၄)သိန်းအထိရရှိနိုင်ပါသည်။

ခရီးသွား မိတ်ဆွေအပေါင်းတို့ရေ…ကြိုတင်တွက်ဆထားလို့ မရနိုင်တဲ့ ကံကြမ္မာကြောင့် မတော်တဆထိခိုက်မှုတွေ ကြုံတွေ့ရမယ်ဆိုရင် ဒီလိုထိခိုက်နစ်နစ်မှုတွေအတွက် အခွင့်အရေးတွေပြန်လည်ရရှိနိုင်ဖို့ ယမ်းအာမခံနဲ့ အမြန်ဆုံး ဆက်သွယ်လိုက်ပါနော်...

‘တိကျမြန်ဆန်...ယမ်းအာမခံ’