Phone09 4577 00 110 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.

သင့်ကလေးအနာဂတ်အတွက် ပညာရေးအသက်အာမခံထားကြမယ်…

Category : Article, Education | Date : October 30, 2019

(၂၁)ရာစုလို အခုခေတ်ကြီးမှာ ပညာရေးဟာ လူတစ်ဦးတစ်ယောက်အတွက်သာမက ၊ နိုင်ငံတော်အတွက်ပါ စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့ပါပြီ... ပညာရေးဟာ ကိုယ့်ပတ်ဝန်းကျင် ၊ ကိုယ့်မိသားစု ၊ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးရင်းနှီး မြုပ်နှံမှုတစ်ခုဖြစ်လာတဲ့အခါ မိဘတိုင်းအတွက် သားသမီးပညာရေးဆုံးခန်းတိုင်အောင် အကောင်းဆုံးကြိုးစားလာကြပါပြီ....

ဒါပေမယ့် စီးပွားရေးဟာ ပညာရေးအတွက် အရမ်းအရေးကြီးလာပါတယ်... မိဘစီးပွားရေးဆိုတာမျိုးကလည်း အမြဲကောင်းမွန်မယ်လို့ ကျွန်တော်တို့ တွက်လို့မရပြန်ပါဘူး...မိသားစုတစ်ခုလုံးရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက်လည်း အမြဲသုံးစွဲနေရတာမို့ မတော်တဆ သားသမီးပညာရေးကို ထိခိုက်နိုင်မယ့် ပြဿနာအချို့ရှိလာတဲ့အခါ ဘယ်လိုမျိုးစနစ်တစ်ခုနဲ့ ကျွန်တော်တို့ကာကွယ်မလဲဆိုတာ စဉ်းစားထားသင့်ပါတယ်....

ကျွန်တော့်အနေနဲ့ အကောင်းဆုံးအကြံပေးချင်တဲ့ စနစ်ကတော့ အာမခံဝန်ဆောင်မှုထားခြင်းဆိုတဲ့ စနစ်ပါပဲ... အာမခံစနစ်တွေ များစွာရှိတဲ့အထဲမှာမှ မိဘများအနေနဲ့ သားသမီးပညာရေးအတွက် ထားရှိသင့်တဲ့ အာမခံဝန်ဆောင်မှုကတော့ ပညာရေးအသက်အာမခံစနစ်ပါ...ပညာရေးအသက်အာမခံ ဝန်ဆောင်မှုဟာ သင့်မိသားစု ပြဿနာတွေရှိလာရင်တောင် သင့်သားသမီး ပညာရေးကို ရှေ့ဆက်နိုင်မယ့် ထောက်ပံကြေးကို ဝန်ဆောင်မှုရရှိနိုင်မယ့် စနစ်ပေါ့...

ပညာရေးအသက်အာမခံဆိုတာ မိဘကနေ မိမိသားသမီးများရဲ့ ပညာရေးအတွက် မိမိအသက်ကိုအာမခံထားနိုင်တဲ့ ဝန်ဆောင်မှုဖြစ်လို့ မိဘတိုင်းပြုလုပ်ထားသင့်တဲ့ အာမခံအမျိုးအစားတစ်ခုပါ...

ပညာရေးအသက်အာမခံအကြောင်းအသေးစိတ်သိရှိလိုတဲ့အခါ အောက်ကလင့်မှာ ဝင်ရောက်လေ့လာနိုင်သလို ကျွန်တော်တို့ ယမ်းအာမခံသို့လည်း တိုက်ရိုက်ဆက်သွယ်ပြီး ဝန်ဆောင်မှုရယူနိုင်ပါတယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်...