နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ၊ မိသားစုတိုင်း လူနေမှုအဆင့်အတန်း တိုးတက်ကောင်းမွန်ဖို့ ၊ လူတစ်ယောက်ချင်းစီရဲ့ ဘဝတွေ လှပစေဖို့ အတွက် ပညာရေးဟာ အဓိကအရေးပါဆုံး မဏ္ဍိုင် တစ်ခုပါ…
ဒါကြောင့် ဘဝအတွက် အဓိကအကျဆုံးလိုအပ်ချက်တစ်ခုဖြစ်တဲ့ ပညာရေးကို ပြည့်စုံလုံလောက်စွာ သင်ကြားပေးနိုင်ဖို့ မိဘတွေအနေနဲ့ သား/သမီး တွေအတွက် ဘာတွေကြိုတင်ပြင်ဆင်ထားပြီးပြီလဲ?
ကြိုတင်ပြင်ဆင်ထားတာမျိုး မရှိသေးဘူးဆိုရင်တော့ ဒီစာလေးကိုဆက်ဖတ်ပေးပါအုံးနော်…
‘အသက်သွေးခဲ အမြဲမရှိ’ ဆိုသလိုပဲ ဘယ်အထိအသက်ရှင်ခွင့်ရှိမလဲ ဆိုတာ မသိနိုင်လို့ ကိုယ်မရှိတော့ရင်တောင် သားသမီးပညာရေး ပြတ်တောက်မသွားရအောင် အထောက်အပံ့တွေရရှိနိုင်တဲ့ " ပညာရေး အသက်အာမခံ "ဝန်ဆောင်မှု ကို မိဘတိုင်း ရယူထားသင့်ပါတယ်…
ဒီလိုမျိုးမိဘတိုင်းရယူထားသင့်တဲ့ ပညာရေးအသက်အာမခံဟာ ဘယ်လိုမျိုးအာမခံဖြစ်မလဲဆိုတာ လေ့လာကြည့်ကြရအောင်...
ဘယ်သူတွေ အာမခံထားနိုင်လဲ...?
အသက်(၁၈) နှစ်မှ (၅၆) နှစ်အတွင်းရှိသူတိုင်း ပညာရေးအသက်အာမခံထားနိုင်ပါတယ်…
ဝန်ဆောင်မှုရဲ့ ရည်ရွယ်ချက်ကဘာလဲ...?
ပညာရေးအသက်အာမခံ၏အနှစ်သာရမှာ သားသမီးများတက္ကသိုလ်ပညာသင်ကြားချိန်တွင် ငွေရေးကြေးရေးအတွက် စိတ်ပူပင်သောကကင်းဝေးစွာဖြင့် တက္ကသိုလ်မှ ဘွဲ့ရသည်အထိ ပညာသင်ကြားနိုင်ရန်ဖြစ်ပါတယ်...
အကျိုးခံစားခွင့်တွေကရော...?
(၁) သေဆုံးမှုအကျိုးခံစားခွင့်
(၂) ထာဝစဉ်လုံးဝမသန်စွမ်းအကျိုးခံစားခွင့်
(၃)ပရီမီယံကင်းလွတ်ခွင့်
(၄)ပညာရေးအကျိုးခံစားခွင့်
(၅) ပေါ်လစီကို စာရင်းပိတ်ခြင်း
(၆) အမ်းငွေထုတ်ယူခြင်းနှင့်
(၇) ချေးငွေရနိုင်ခြင်း….စတဲ့အကျိုးခံစားခွင့်တွေကို ရရှိမှာဖြစ်ပါတယ်...
ခုဆိုရင် …ပညာရေးအသက်အာမခံဝန်ဆောင်မှု နဲ့ မိဘတိုင်းဒီဝန်ဆောင်မှုကို အသုံးပြုသင့်တဲ့အကြောင်းကို အသေးစိတ်ဖော်ပြပေးခဲ့ပြီးပြီဖြစ်လို့ အာမခံဝန်ဆောင်မှုရယူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ ယမ်းအာမခံကို အမြန်ဆုံးဆက်သွယ်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်...
“တိကျမြန်ဆန်...ယမ်းအာမခံ”