Phone09 4577 00 110 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.

“သင့်ရင်သွေးအတွက်…မျှော်မှန်းချက်”

Category : Article, Education | Date : December 4, 2019

အမွေ...မိဘကတစ်ဆင့် ၊ သားသမီးဆီ လက်ဆင့်ကမ်းပေးအပ်ခဲ့တဲ့ အမွေလို့ ဆိုရင် သည်နေ့ခေတ်မှာ ပညာရေးပါပဲ...ပညာရေးဟာ သားသမီးတွေရဲ့ ကိုယ်လျှောက်ရမယ့် လမ်းကြောင်းပေါ်မှာ ဖြောင့်မတ်မှန်ကန်ပြီး ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရှေ့ဆက်ဖို့ လိုအပ်တဲ့အဓိက သော့ချက်တစ်ခုဆိုရင်လည်း မမှားပြန်ပါဘူး...

အိမ်ထောင်ဦးစီးလုပ်သူဟာ တစ်ဖက်တစ်လမ်းကလည်း အိမ်ထောင်တာဝန်ကျေပြွန်စွာ ထမ်းဆောင်ရင်း သားသမီးတွေရဲ့ လက်ရှိပညာရေးကိုလည်း ဂရုစိုက်ရပြန်ပါသေးတယ်…ဒါတင်မကသေးပါဘူး...နောင်ရေးမှာ သားသမီးတွေရဲ့ ပညာရေးဆက်လက်ရှင်သန်နိုင်ဖို့လည်း ရင်လေးရတာမို့  ဒီလိုမျိုးပြဿနာတွေ ဖြစ်မလာအောင်  ယမ်းအာမခံမှ ဝန်ဆောင်မှုပေးထားတဲ့ “ပညာရေးအသက်အာမခံ”အကြောင်း လေ့လာနိုင်ဖို့ ဗဟုသုတအချို့မျှဝေပေးလိုက်ပါတယ်နော်...

(၁) ဝန်ဆောင်မှုရဲ့ ရည်ရွယ်ချက်

ပညာရေးအသက်အာမခံ၏အနှစ်သာရမှာ သားသမီးများတက္ကသိုလ်ပညာသင်ကြားချိန်တွင် ငွေရေးကြေးရေးအတွက် စိတ်ပူပင်သောကကင်းဝေးစွာဖြင့် တက္ကသိုလ်မှ ဘွဲ့ရသည်အထိ ပညာသင်ကြားနိုင်ရန်ဖြစ်ပါတယ်...

(၂) ဘယ်သူတွေ အာမခံထားနိုင်မလဲ...?

မိမိသားသမီးများ ပညာရေးအတွက် မိမိအသက်ကို အာမခံထားနိုင်ပါတယ်...အသက်(၁၈)နှစ် မှ (၅၆)ခုနှစ် အတွင်းရှိ ကျန်းမာသူများ ပညာရေးအသက်အာမခံ ထားနိုင်ပါတယ်...

(၃) အာမခံကြေးပမာဏကရော...?

အနည်းဆုံး ကျပ် သိန်း (၅၀)မှ

အများဆုံး ကျပ် သိန်း (၁၀၀၀)ထိ အာမခံကြေးပေးသွင်းနိုင်ပါတယ်...

ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် မိမိသားသမီးပညာရေး မနှောင့်နှေးရအောင် အာမခံချက်တစ်ခုခုရှိတဲ့ ဝန်ဆောင်မှုကိုရယူချင်တယ်ဆိုရင်တော့ ‘ယမ်းအာမခံ’ သို့သာအပြေးလေးလှမ်းလာလိုက်ပါနော်...

သင်နဲ့ သင့်မိသားစုအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်စေမယ့်...

“တိကျမြန်ဆန်...ယမ်းအာမခံ”