Phone09 4577 00 110 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.

စုပေါင်းအသက်အာမခံ ( Group Life Insurance)

Category : Article, Insurance | Date : November 26, 2019

အာမခံဝန်ဆောင်မှုတွေအကြောင်း သိရှိလိုတဲ့ ယမ်းအာမခံ ရဲ့ မိတ်ဆွေများအတွက် ဒီနေ့မှာတော့ လုပ်ငန်းရှင်များအနေနဲ့ သိသင့်သိထိုက်တဲ့ “စုပေါင်းအသက်အာမခံ” အကြောင်း တစေ့တစောင်း ဖော်ပြလိုက်ရပါတယ်....စုပေါင်းအသက်အာမခံဆိုသည်မှာ လုပ်ငန်းရှင်များအနေနဲ့ မိမိလုပ်ငန်းခွင်အတွင်းရှိဝန်ထမ်းများအတွက် လုပ်ငန်းခွင်အတွင်း ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ဒဏ်ရာအမျိုးအစားကိုလိုက်ပြီး အကျိုးခံစားခွင့်ရရှိမည့် အာမခံဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်

အသက်(၁၈)နှစ်မှ (၆၀) အတွင်းမှာရှိတဲ့ ဝန်ထမ်းများ မိမိကိုယ်တိုင်အာမခံထားနိုင်သလို ၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိဝန်ထမ်းများအတွက် စုပေါင်းအသက်အာမခံထားပေးနိုင်ပါတယ် ၊ အနည်းဆုံးဝန်ထမ်း (၅) ဦးမှစ၍ စုပေါင်းအသက်အာမခံယူလို့ရမှာဖြစ်ပြီး  အာမခံသက်တမ်းမှာလည်း (၁) နှစ်ဖြစ်သည့်အတွက် အထူးသင့်တော်သည့် ကာလအတိုင်းအတာ ဖြစ်ပါတယ်

အာမခံထားငွေမှာလည်း အနည်းဆုံးကျပ် (၁) သောင်းမှ အများဆုံးကျပ် (၅)သန်းအထိ ထားရှိနိုင်မှာဖြစ်တဲ့အတွက် အခြေခံလုပ်သားဝန်ထမ်းများမှ လုပ်ငန်းရှင်များအထိ သက်တောင့်သက်သာ အဆင်ပြေစွာ ထားရှိနိုင်တဲ့ ပမာဏပဲဖြစ်ပါတယ်

ဒါ့အပြင် ဆေးစစ်ရန်အတွက် အခြေခံလိုအပ်ချက်များကို အနည်းငယ်ပြောပြပေးချင်ပါတယ်

အသက်(၁၈) နှစ်မှ (၄၅) နှစ်အတွင်း အာမခံထားငွေ ကျပ်(၁)သန်းထိထားရှိပါက ဆေးစစ်ရန်မလိုအပ်ပေမယ့် ကျပ်(၁)သန်း အထက်အာမခံထားငွေ ထားရှိပါက ဆေးစစ်ရန်လိုအပ်ပါတယ်

အသက်အရွယ်အားဖြင့်လည်း (၄၅)ကျော်မယ်၊ အာမခံထားငွေကလည်း ကျပ်(၁)သန်းအထက် ထားရှိမယ် ဆိုရင်တော့ ဆေးစစ်ရန်လိုအပ်ပါတယ်

ပရီမီယံကြေးဟာလည်း အာမခံထားငွေ ကျပ်(၁)သောင်းဆိုပါက (၁)နှစ်လျှင် ပရီမီယံကျပ် (၁၀၀)ကျပ် ပေးသွင်းရမှာဖြစ်ပြီး ပရီမီယံပေးသွင်းတဲ့နေ့ဟာ အာမခံစတင်တဲ့နေ့ပဲဖြစ်ပါတယ်

အကျိုးခံစားခွင့်များအနေနဲ့ကတော့ အာမခံသက်တမ်းအတွင်းသေဆုံးပါက အာမခံထားငွေ အပြည့်အဝ ခံစားခွင့်ရှိမှာဖြစ်ပါတယ်

မိမိကိုယ်ကိုယ်သတ်သေခြင်း ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အလုပ်မှ နှုတ်ထွက်(သို့) ထုတ်ပယ်ခံရခြင်း ၊ ပြစ်မှုကျုးလွန်ခြင်း ၊ ကိုယ်တိုင်ဒဏ်ရာရအောင် ပြုလုပ်ခြင်း စသည့်အချက်များအတွက်တော့ အာမခံ အကျိုးခံစားခွင့်ရရှိမှာမဟုတ်ပါဘူး

နောက်ဆုံးအနေနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါက ရရှိနိုင်မည့် လျော်ကြေးနှုန်းထားများကို ဖော်ပြပေးချင်ပါတယ်

အကယ်၍ အသက်သေဆုံးခြင်းမဟုတ်ပဲ ထိခိုက်ဒဏ်ရာရခဲ့ပါက အောက်ပါအတိုင်း ခံစားခွင့်ရရှိမှာဖြစ်ပါတယ်

(၁) ထာဝစဉ် မသန်မစွမ်းဖြစ်ခြင်း                    -၁၀၀%

(၂) မျက်စေ့တစ်ဖက်လုံးဝကွယ်ခြင်း       - ၅၀%

(၃) နားတစ်ဖက်လုံးဝပင်းခြင်း              -၂၅%

(၄) လက်တစ်ဖက်လုံးဝပြတ်ခြင်း                    - ၅၀%

(၅) ခြေတစ်ဖက်လုံးဝပြတ်ခြင်း             - ၅၀%

(၆) လက်တစ်ဖက်ကျိုးခြင်း                 -၂၅%

(၇) ခြေတစ်ဖက်ကျိုးခြင်း                   -၂၅%...စသဖြင့် အကျိုးခံစားခွင့်ရှိပါသည်

အခုဆိုရင် စုပေါင်းအသက်အာမခံအကြောင်း အသေးစိတ်ဖော်ပြပေးခဲ့ပြီဖြစ်လို့ ဝန်ထမ်းများ၊ လုပ်ငန်းရှင်များအနေဖြင့် ထိခိုက်နစ်နာမှုများ နည်းနိုင်သမျှနည်းအောင် ကျွန်တော်တို့ ယမ်းအာမခံမှ ဝန်ဆောင်မှုပေးသော စုပေါင်းအသက်အာမခံဝန်ဆောင်မှုကို ရယူနိုင်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါတယ်...

“တိကျမြန်ဆန်...ယမ်းအာမခံ”