Phone09 4577 00 110 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.

ဝန်ထမ်းများ အကျိုးပွား စေဖို့

Category : Article, Insurance | Date : April 6, 2020

မိတ်ဆွေ တို့ရဲ့ လုပ်ငန်းများကို တိုးတက်အောင်မြင်မှုရရှိအောင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ပေးနေတဲ့ ဝန်ထမ်းကောင်းတွေဟာ မိတ်ဆွေတို့ရဲ့ ဒုတိယမိသားစုဝင်တွေပါပဲ...

မိသားစုဝင်တွေ ဆိုတာ တစ်ဦးရဲ့ အကျိုးစီးပွားကို တစ်ဦးကလိုလားကြသလို အပြန်အလှန် ကူညီဖေးမ ကြခြင်းဟာလည်း ကောင်းမွန်တဲ့ မင်္ဂလာတစ်ပါး မည်ပါတယ်…

ဒါကြောင့် တန်ဖိုးထားရတဲ့ မိသားစုဝင် ဝန်ထမ်းတွေရဲ့ဘဝ အဆင်ပြေနိုင်စေရုံသာမက မိမိလုပ်ငန်းအတွင်း ဝန်ထမ်းများစိတ်ချလုံခြုံစွာ လုပ်ကိုင်နိုင်ဖို့ အကာအကွယ်ပေးနိုင်တဲ့ Group Life Insurance (စုပေါင်းအသက်အာမခံ) ဝန်ဆောင်မှုကို လုပ်ငန်းရှင်မိတ်ဆွေများအနေနဲ့ မိမိတို့ရဲ့ ဝန်ထမ်းတွေအတွက် ရယူပေးထားသင့်ပါတယ်….

စုပေါင်းအသက်အာမခံဆိုတာကတော့ ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ဒဏ်ရာအမျိုးအစားကိုလိုက်၍ အကျိုးခံစားခွင့်ရရှိမည့် အာမခံဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်...
လုပ်ငန်းရှင်များက မိမိဝန်ထမ်းအတွက် စုပေါင်းအသက်အာမခံဝန်ဆောင်မှု ပြုလုပ်ပေးနိုင်ရုံသာမက ဝန်ထမ်းများ၏ သဘောဆန္ဒအလျောက်လည်း အာမခံထားရှိနိုင်ပါတယ်…

ဘယ်သူတွေအာမခံထားနိုင်လဲ...❓
မျက်မြင်အားဖြင့် ကျန်းမာရေးကောင်းမွန်သည့် အသက်(၁၈) နှစ်မှ (၆၀)နှစ်အတွင်းရှိ အလုပ်သမားတိုင်း အာမခံထားခွင့်ရှိပါသည်။ အလုပ်သမားဦးရေ အနည်းဆုံး (၅) ဦးထားရမည် ဖြစ်ပါသည်...
အာမခံသက်တမ်း နှင့် ငွေပမာဏ...❓
အာမခံသက်တမ်းအားဖြင့် (၁) နှစ်ဖြစ်ပြီး အနည်းဆုံး ကျပ်(၁)သောင်းမှ အများဆုံးကျပ် (၅)သန်းထားရှိနိုင်ပါသည်...

ဆေးစစ်ဖို့လိုသလား...❓
အသက်(၁၈) နှစ်မှ (၄၅)နှစ်အထိ အာမခံထားငွေ ကျပ်(၁)သန်းအထိ ဆေးစစ်ရန်မလိုပါ
သို့သော် အသက်(၄၅)နှစ်အထက် ၊ အာမခံထားငွေ ကျပ်(၁)သန်းအထက် ဆေးစစ်ရန်လိုပါသည်...
ပရီမီယံကရော...❓

အာမခံထားငွေ ကျပ်(၁)သောင်းတွင် တစ်နှစ်လျှင် ပရီမီယံကျပ် (၁၀၀) ပေးသွင်းရမည်ဖြစ်ပြီး ပရီမီယံပေးသွင်းသည့်နေ့သည် အာမခံစတင်သည့်နေ့ဖြစ်သည်...
အကျိုးခံစားခွင့်အနေနဲ့က...❓

အာမခံထားသူသည် သက်တမ်းအတွင်းသေဆုံးသွားပါက အာမခံထားငွေအပြည့်ခံစားခွင့်ရှိပါသည်။ အကယ်၍ အသက်သေဆုံးခြင်းမဟုတ်ပဲ ထိခိုက်ဒဏ်ရာရခဲ့ပါက အောက်ပါအတိုင်း ခံစားခွင့်ရှိပါသည်
🔰 ၁) ထာဝစဉ် မသန်မစွမ်းဖြစ်ခြင်း - ၁၀၀%
🔰 ၂) မျက်စေ့တစ်ဖက်လုံးဝကွယ်ခြင်း - ၅၀%
🔰 ၃) နားတစ်ဖက်လုံးဝပင်းခြင်း -၂၅%
🔰 ၄) လက်တစ်ဖက်လုံးဝပြတ်ခြင်း - ၅၀%
🔰 ၅) ခြေတစ်ဖက်လုံးဝပြတ်ခြင်း - ၅၀%
🔰 ၆) လက်တစ်ဖက်ကျိုးခြင်း - ၂၅%
🔰 ၇) ခြေတစ်ဖက်ကျိုးခြင်း -၂၅%...စသဖြင့် အကျိုးခံစားခွင့်ရှိပါသည်
ဘာတွေခံစားခွင့်မရှိဘူးလဲ...❓

မိမိကိုယ်ကိုယ်သတ်သေခြင်း ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အလုပ်မှ နှုတ်ထွက်(သို့) ထုတ်ပယ်ခံရခြင်း ၊ ပြစ်မှုကျုးလွန်ခြင်း ၊ ကိုယ်တိုင်ဒဏ်ရာရအောင် ပြုလုပ်ခြင်း စသည့်အချက်များအတွက်တော့ အာမခံ အကျိုးခံစားခွင့်မရှိပါ...

👥 စုပေါင်းအသက်အာမခံ ( Group Life Insurance) အကြောင်း အသေးစိတ်ဖော်ပြပြီးခဲ့ပြီ ဖြစ်လို့ မိမိဝန်ထမ်းများအတွက်သော်လည်းကောင်း၊ မိမိကိုယ်တိုင်သော်လည်းကောင်း အာမခံဝန်ဆောင်မှုရယူလိုပါက ကျွန်တော်တို့ ယမ်းအာမခံနှင့် လက်တွဲဆောင်ရွက်နိုင်ပါတယ်...

“တိကျမြန်ဆန် ယမ်းအာမခံ”