Phone09 4577 00 110 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.

စုပေါင်းအသက်အာမခံအကြောင်း တစေ့တစောင်း

Category : Article, Insurance | Date : December 12, 2019

စုပေါင်းအသက်အာမခံဆိုသည်မှာ ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ဒဏ်ရာအမျိုးအစားကိုလိုက်၍ အကျိုးခံစားခွင့်ရရှိမည့် အာမခံဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်...

ကာယ၊ဉာဏ အလုပ်သမားများ ငါးဦးနှင့် အထက်ကို အလုပ်သမားများကိုယ်တိုင်ဖြစ်စေ အလုပ်ရှင်မှဖြစ်စေ စုပေါင်းအသက်အာမခံ ထားနိုင်ပြီး အသက်သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်း များအတွက် အကျိုးခံစားခွင့် ရှိမှာပါ...

တန်ဖိုးထားရတဲ့ မိသားစုဝန်ထမ်းတွေရဲ့ဘဝ တိုးတက်အဆင်ပြေနိုင်စေရုံသာမက မိမိလုပ်ငန်းအတွင်း ဝန်းထမ်းများပျော်ရွင်စွာ လုပ်ကိုင်နိုင်ဖို့ ကျွန်တော်တို့ ယမ်းအာမခံမှ ဝန်ဆောင်မှုပေးနေသော Group Life Insurance (စုပေါင်းအသက်အာမခံ) ဝန်ဆောင်မှုကို မိတ်ဆက်ပေးပါရစေ...

ဘယ်သူတွေက အာမခံထားပေးနိုင်သလဲ...?

ကုမ္ပဏီပိုင်ရှင်၊ လုပ်ငန်းရှင်တွေအနေနဲ့ မိမိလုပ်ငန်းခွင်အတွင်းမှာရှိတဲ့ ဝန်ထမ်းတွေအတွက် မတော်တဆ ထိခိုက်နစ်နာမှုတွေကြုံရတဲ့အခါ ဆုံးရှုံးမှုနည်းနိုင်သမျှနည်းအောင် ထားရှိပေးနိုင်တဲ့ တစ်ခုတည်းသော အာမခံအမျိုးအစားဖြစ်ပါတယ်...

ဘယ်သူတွေအာမခံထားနိုင်လဲ...?

မျက်မြင်အားဖြင့် ကျန်းမာရေးကောင်းမွန်သည့် အသက်(၁၈) နှစ်မှ (၆၀)နှစ်အတွင်းရှိ အလုပ်သမားတိုင်း အာမခံထားခွင့်ရှိပါတယ်... အလုပ်သမားဦးရေ အနည်းဆုံး (၅) ဦးထားရမှာ ဖြစ်ပါတယ်...

အာမခံသက်တမ်း နှင့် ငွေပမာဏ...?

အာမခံသက်တမ်းအားဖြင့် (၁) နှစ်ဖြစ်ပြီး အနည်းဆုံး ကျပ်(၁)သောင်းမှ အများဆုံးကျပ် (၅)သန်းထားရှိနိုင်ပါသည်...

အကျိုးခံစားခွင့်အနေနဲ့က...?

အာမခံထားသူဟာ သက်တမ်းအတွင်းသေဆုံးသွားပါက အာမခံထားငွေအပြည့်ခံစားခွင့်ရှိပါတယ်... အကယ်၍ အသက်သေဆုံးခြင်းမဟုတ်ပဲ ထိခိုက်ဒဏ်ရာရခဲ့ပါက အောက်ပါအတိုင်း ခံစားခွင့်ရှိပါသည်။

(၁) ထာဝစဉ် မသန်မစွမ်းဖြစ်ခြင်း - ၁၀၀%

(၂) မျက်စေ့တစ်ဖက်လုံးဝကွယ်ခြင်း - ၅၀%

(၃) နားတစ်ဖက်လုံးဝပင်းခြင်း -၂၅%

(၄) လက်တစ်ဖက်လုံးဝပြတ်ခြင်း - ၅၀%

(၅) ခြေတစ်ဖက်လုံးဝပြတ်ခြင်း - ၅၀%

(၆) လက်တစ်ဖက်ကျိုးခြင်း - ၂၅%

(၇) ခြေတစ်ဖက်ကျိုးခြင်း -၂၅%...စသဖြင့် အကျိုးခံစားခွင့်ရှိပါတယ်...

အခုဆိုရင် စုပေါင်းအသက်အာမခံ ( Group Life Insurance) အကြောင်း အသေးစိတ်ဖော်ပြပြီးခဲ့ပြီ ဖြစ်လို့ မိမိဝန်ထမ်းများအတွက်သော်လည်းကောင်း၊ မိမိကိုယ်တိုင်သော်လည်းကောင်း အာမခံဝန်ဆောင်မှုရယူလိုပါက ကျွန်တော်တို့ ယမ်းအာမခံနှင့် လက်တွဲဆောင်ရွက်နိုင်ပါတယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါရစေ...

“တိကျမြန်ဆန်...ယမ်းအာမခံ”