Phone09 4577 00 110 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.

လုပ်ငန်းခွင် အောင်မြင်မှုအတွက် အရေးကြီးဆုံးအရာ

Category : Article, Insurance | Date : March 23, 2020

သင့်လုပ်ငန်းတွေ အောင်မြင်တိုးတက်ဖို့ဆိုတာ အစီအစဉ်တကျအုပ်ချူပ်နိုင်တဲ့ သင့်ရဲ့ အရည်အချင်းနဲ့ အရည်အသွေးပြည့်မှီတဲ့ ဝန်ထမ်းကောင်းများနဲ့ တည်ဆောက်ထားတာပါ...

သင့်ရဲ့ ကောင်းမွန်တဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ပေးမယ့်ဝန်ထမ်းကောင်းရဲ့ ဘဝကိုကာကွယ်စောင့်ရှောက်ပေးခြင်းက
သင့်ရဲ့ အောင်မြင်တဲ့ လုပ်ငန်းကိုထိန်းသိမ်းစောင့်ရှောက်ခြင်းပဲဖြစ်ပါတယ်...
ဒီလိုအောင်မြင်တဲ့ လုပ်ငန်းတွေကိုရေရှည်တည်တံ့ဖို့သင့်ဝန်ထမ်းတွေအတွက် အကောင်းဆုံးစောင့်ရှောက်ပေးနိုင်တာက “စုပေါင်းအသက်အာမခံ” ပဲဖြစ်ပါတယ်...

ဘယ်လိုအာမခံအမျိုးအစားလဲ
စုပေါင်းအသက်အာမခံ ဆိုတာ အသက်အာမခံအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်၊ သင့်လုပ်ငန်းရဲ့အနည်းဆုံး ဝန်ထမ်း ငါးယောက် ကနေ စတင်ထားရှိပေးနိုင်တဲ့ ဝန်ထမ်းအားလုံးကို လွှမ်းခြုံအကာအကွယ်ပေးနိုင်တဲ့ အာမခံအမျိုးအစားပဲ ဖြစ်ပါတယ်....

အာမခံ သက်တမ်း ဘယ်လောက်ထားရှိနိုင်ပါသလဲ
(၁) နှစ်မှစတင်ထားရှိနိုင်ပါတယ်....

ဘယ်သူတွေအာမခံထားနိုင်သလဲ
သင့်ဝန်ထမ်းကောင်းများအတွက် သင်ကိုယ်တိုင်ထားရှိပေးနိုင်ပြီး အသက် (၁၈) နှစ်ပြည့်ပြီးသူ ကျန်းမာသောဝန်ထမ်းကောင်းများအတွက်ထားရှိနိုင်မှာဖြစ်ပါတယ်...

ဘယ်လိုကာကွယ်ပေးနိုင်မှာလဲ
ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် မသန်မစွမ်းဖြစ်ခြင်းများအပါအဝင် သေဆုံးခြင်းအထိပါ အကျိုးခံစားခွင့်များရရှိမှာဖြစ်ပါတယ်....

သင့်ရဲ့ အောင်မြင်သောခြေတလှမ်းအတွက် ဝန်ထမ်းကောင်းတွေဟာ အရေးတကြီးလိုအပ်ချက်ဆိုတာကို သတိချပ်မိလိုက်ပြီဆို အခုပဲ ယမ်းအာမခံနဲ့ဆက်သွယ်လို့ ကြိုတင်အကာအကွယ်များရယူလိုက်ပါတော့နော်...

“တိကျမြန်ဆန် ယမ်းအာမခံ”