Phone09 4577 00 110 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.

ကျန်းမာရေးစောင့်ရှောက်မှုကို အာမခံကနေ ဘယ်လိုယူမလဲ

Category : Article, Insurance | Date : December 30, 2019

ကျန်းမာခြင်းသည် လာဘ်တစ်ပါးပါ၊ မကျန်းမာချိန် အလုပ်ပျက်အကိုင်ပျက်ဖြစ်နေချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှုကို စိတ်အေးသက်သာစွာရယူနိုင်ဖို့ ကျန်းမာရေးအာမခံ ကို ယူထားသင့်ပါတယ်...

ဒါဆို ကျန်းမာရေး အာမခံ ဆိုတာ ဘယ်ချိန်တွေမှာ ပေးပြီး ဘယ်လိုလူတွေ အရယူသင့်သလဲ ဆိုတာ ပြောကြရအောင်...

ရောဂါကြောင့် ဆေးရုံတက်ရခြင်း၊ မတော်တဆမှုကြောင့်ဆေးရုံတက်ရခြင်း၊ သေဆုံးခြင်း၊ ခွဲစိတ်ကုသရခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ ဆေးရုံဆေးခန်းပြသရခြင်းအတွက် ကုန်ကျစရိတ်ကို ထိုက်သင့်သလောက် သက်သာစေရန် ပံ့ပိုးပေးနိုင်တဲ့ အာမခံကို ကျန်းမာရေးအာမခံလို့ ခေါ်ပါတယ်...

အာမခံထားခွင့်ကိုတော့ အသက် (၆) နှစ်ကနေစပြီထားရှိနိုင်ပါတယ်၊ အာမခံ သက်တမ်းအနေနဲ့တော့ (၁)နှစ်အထိပဲ ထားခွင့်ရှိပါတယ်....

ဒီ အာမခံမှာ အကျိုးခံစားခွင့်ရှိသူက
အသက် (၆)နှစ်မှ (၁၈)နှစ် အထိအတွက် မိဘ (သို့)အုပ်ထိန်းသူက လည်းကောင်း အသက်(၁၉)နှစ်နှင့် အထက်အတွက် အာမခံထားသူ ကိုယ်တိုင်ကသော်လည်းကောင်း၊ အာမခံထားသူ သေဆုံးပါက အာမခံအကျိုးခံစားခွင့် လွှဲပြောင်းပေးအပ်ခြင်း ခံရသူက သော်လည်းကောင်း တောင်းခံနိုင်ပါသည်။

ဒီ အာမခံမှာ ရရှိနိုင်တဲ့ အကာအကွယ်တွေကို တစ်ဦးချင်းသို့မဟုတ် အစုလိုက် ရွေးချယ်ခွင့်ရှိပါတယ်၊ ဒီအတွက် ပရီမီယံပေးသွင်းမှုစနစ်အပြောင်းအလဲကလွဲလို့ အကာအကွယ်ခံစားခွင့်တွေကတော့ အတူတူပါပဲ....

ဒီတော့ ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့ မှတ်ယူထားတယ်ဆိုရင် မတော်တဆဖြစ်ပွားတဲ့ ကျန်းမာရေးပြဿနာတွေအတွက် အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုတွေကို အရယူဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ကျန်းမာရေးအာမခံတွေ အကြောင်း အသေးစိတ်သိရဖို့ ယမ်းအာမခံ ကို ဆက်သွယ်ဆွေးနွေးလိုက်ပါတော့နော်...

“တိကျမြန်ဆန်...ယမ်းအာမခံ”