Phone09 4577 00 110 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.

“မိသားစုကို တကယ်ချစ်ရင်”

Category : Article, Family Life Style | Date : December 23, 2019

အားလုံးသိပြီးသားအတိုင်း အာမခံစနစ်ဟာ မတော်တဆထိခိုက်မှုများကြောင့်ဖြစ်လာတဲ့ ဆုံးရှုံးနစ်နာမှုတွေကို တဖက်တစ်လမ်း ကပြန်လည်ဖြည့်တင်းပေးနိုင်တဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်

ဒီလိုအကာအကွယ်ပေးနိုင်တဲ့အာမခံစနစ်တွေအများအပြားရှိတဲ့အနက်မိသားစုကျန်းမာရေးနဲ့ပတ်သက်ပြီးလုံခြုံစိတ်ချစွာနေထိုင်နိုင်ရေးအတွက် ပရီမီယံကြေးနည်းနည်းနဲ့ ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်တဲ့ ကိုယ် အင်္ဂါထိခိုက်မှုအာမခံ အကြောင်းကို ပြောပြချင်ပါတယ်...

ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေက လုံးဝပြည့်စုံနေတဲ့ အာမခံအမျိုးအစားဖြစ်လို့ ဒီ အာမခံသာအရယူထားရင် ဘယ်လိုအကျိုးကျေးဇူးတွေရှိမလဲ အရင် ပြောပြပေးပါ့မယ်....ကိုယ်အင်္ဂါထိခိုက်မှုအာမခံရဲ့ အကောင်းဆုံးအချက်ကတော့ တစ်ခုခုသာဖြစ်ခဲ့ရင် ပရီမီယံကြေးအလိုက် အရေး ပေါ်ကုသစရိတ်တွေကို ရရှိနိုင်ခြင်းနဲ့ သေဆုံးခဲ့ရင်ဖြစ်စေအကာအကွယ်ရရှိမယ့် အာမခံစနစ်ပဲ ဖြစ်ပါတယ်...

ဒီလောက်ကောင်းတယ်ဆို ဘယ်သူတွေထားနိုင်လဲမေးရင် မိဘအုပ်ထိန်းမှုမလွတ်သေးတဲ့ကလေးအရွယ်ကနေစပြီး အသက် (၆၅) နှစ်အရွယ်အထိ ထားနိုင်ပါတယ်...

ဟုတ်ပြီ အာမခံလည်းထားချင်ပြီး ထားနိုင်တဲ့ အသက်အရွယ်တွေလည်းသိခဲ့ပြီ၊ ဒါဆို သက်တမ်း၊ ပရီမီယံကြေးနဲ့ အာမခံ ထားစဉ် ဘယ်လို အခွင့်အရေးတွေရှိမလဲ ကြည့်ရအောင်၊ အန္တရာယ်ရှိတဲ့လုပ်ငန်းတွေ လုပ်ကိုင်သူအတွက် ပရီမီယံကြေး အတွက် ရာခိုင်နှုန်း အမြောက်အများခံစားခွင့်ရရှိမှာဖြစ်ပြီး သက်တမ်းအနေနဲ့ (၃) လကနေ (၁)နှစ်အထိ ရွေးချယ်ထားရှိနိုင်ပါတယ်...

ကိုယ်အင်္ဂါထိခိုက်မှုအာမခံရဲ့ သက်တမ်း၊ ပရီမီယံကြေးနဲ့ ထားရှိနိုင်တဲ့အသက်အရွယ်တွေအရဆိုရင် တစ်ဦးချင်းထိခိုက်မှုအပြင်၊ မိသားစုတွင်းကိုပါ အကောင်းဆုံးကာကွယ်နိုင်တဲ့ အာမခံစနစ်ဆိုတာ သိနိုင်ပါတယ်...

ဒီလို စီးပွားရေး၊ ပညာရေးနဲ့ လူနေမှုအဆင့်အတန်းတွေကိုအကောင်းဆုံးအကာအကွယ်ပေးနိုင်တဲ့အာမခံစနစ်တွေနဲ့ပတ်သက်လို့ ဆွေး နွေးချင်တယ်ဆိုရင်ယမ်းအာမခံကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်....

‘တိကျမြန်ဆန်...ယမ်းအာမခံ’