ဘဏ်လုပ်ငန်းရှင်တွေ ၊ ချေးငွေ လုပ်ငန်းလုပ်ကိုင်တဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေအနေ နဲ့ ချေးငွေဆပ်ရမယ့် ကာလအတွင်း ငွေချေးသူ အသက်ဆုံးရှုံးမှုကြောင့်သော်လည်းကောင်း ထာဝရမသန်စွမ်းဖြစ်သွားလို့သော်လည်းကောင်း ပြန်မဆပ်နိုင်တော့တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရမှာကို စိုးရိမ်နေကြရပါတယ်…
ဒါကြောင့် ဘဏ်လုပ်ငန်းတွေ ၊ ငွေရေးကြေးရေးအဖွဲ့အစည်းတွေ စတဲ့ ချေးငွေလုပ်ငန်းနဲ့ ပတ်သတ်သူတွေအတွက် အကာအကွယ် ပေးနိုင်မယ့် အာမခံအမျိုးအစားဖြစ်တဲ့ ပရီမီယံတစ်ကြိမ်ပေး ချေးငွေ အသက်အာမခံ (Single Premium Credit Life Insurance) ကို ကျွန်မတို့ ယမ်းအာမခံမှ ဝန်ဆောင်မှုပေးနေပါပြီ…
ထုတ်ချေးထားသမျှ ချေးငွေတွေ ဆုံးရှုံးရမှာကို လုံးဝပူစရာမလိုတော့ဘဲ စိတ်ချလက်ချ ထုတ်ချေးနိုင်ချင်တယ်ဆိုရင်တော့ ပရီမီယံတစ်ကြိမ်ပေး ချေးငွေ အသက်အာမခံ ဝန်ဆောင်မှုကို အရယူထားသင့်ပါတယ်နော်…
ဘယ်သူတွေ အာမခံထားခွင့်ရှိလဲ?
အသက် (၁၈) နှစ်မှ (၆၂) နှစ်အတွင်းရှိ ချေးငွေယူထားသူအတွက် ဘဏ်လုပ်ငန်း (သို့) ချေးငွေချေးသည့် အဖွဲ့အစည်းမှ အာမခံထားနိုင်ပါတယ်…
ပရီမီယံ နှုန်းသတ်မှတ်ချက်က ဘယ်လိုလဲ?
ငွေချေးသူ(အာမခံထားမည့်သူ)ရဲ့ အသက်အရွယ် နှင့် ချေးငွေသက်တမ်းတို့အပေါ် မူတည်ပြီး ပေးသွင်းရမည့် ပရီမီယံနှုန်း ကွာခြားမှာဖြစ်ပြီး ကျသင့်ပရီမီယံကို တစ်ကြိမ်တည်းပေးသွင်း ရမှာပါ…
အာမခံ သက်တမ်း ဘယ်လောက်လဲ?
(၃) နှစ်မှ (၁၅) နှစ်အတွင်းဖြစ်ပြီး ချေးငွေဆပ်ရန် ကျန်ရှိတဲ့ သက်တမ်းနဲ့ ကိုက်ညှိပြီးထားရှိနိုင်ပါတယ်…
အာမခံထားငွေ ဘယ်လောက်လဲ?
အနည်းဆုံး ကျပ်(၁၀) သိန်းမှ အများဆုံး ချေးငွေပမာဏ အထိထားရှိနိုင်ပါတယ်…
ဘယ်လို အကျိုးခံစားခွင့်တွေရမလဲ?
မတော်တဆမှုကြောင့် ချေးငွေယူထားသူ သေဆုံး/ထာဝရ မသန်စွမ်းဖြစ်ခဲ့ရင်
- ငွေချေးသည့်အဖွဲ့အစည်းမှ ချေးငွေပြန်လည်ရရှိခြင်း
- ကျန်ရစ်သူမိသားစုအနေနဲ့ အရစ်ကျဝယ်ယူထားတဲ့ ပိုင်ဆိုင်မှုအတွက် ဆက်လက်ပေးဆပ်ရန် မလိုခြင်း
- ပေးသွင်းသည့် ပရီမီယံပေါ်တွင် ဝင်ငွေခွန် သက်သာခွင့်ရှိခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်…
မရနိုင်တဲ့ အကျိုးခံစားခွင့်တွေ ကဘာတွေလဲ?
- အာမခံစသည့်နေ့မှ ၁ နှစ်အတွင်း မိမိကိုယ်ကို သတ်သေခြင်း
- ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်းကြောင့် ထာဝရ မသန်စွမ်းဖြစ်ခြင်း
- သတ်သေခြင်းကြောင့် မသေဘဲ ထာဝရ မသန်စွမ်းဖြစ်ခြင်း တွေအတွက် အကျိုးခံစားခွင့်မရရှိနိုင်ပါဘူး…
အခုဆိုရင် ချေးငွေတွေ မဆုံးရှုံးရအောင် ဘယ်လိုအကာအကွယ်တွေယူထားသင့်လဲဆိုတာကို ဘဏ်လုပ်ငန်းရှင်တွေ နဲ့ ချေးငွေဆိုင်ရာအဖွဲ့အစည်းက မိတ်ဆွေတို့လည်း ပြည့်ပြည့်စုံစုံသိရပြီမို့ ပရီမီယံတစ်ကြိမ်ပေး ချေးငွေ အသက်အာမခံ (Single Premium Credit Life Insurance) ကိုရယူထားချင်တယ် ဆိုရင်တော့ ယမ်းအာမခံ ကိုဆက်သွယ်မေးမြန်းနိုင်ပါပြီနော်…
“တိကျမြန်ဆန် ယမ်းအာမခံ”