Phone09 4577 00 110 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ

Category : Article, Insurance | Date : November 16, 2019

‘သတိဆိုတာ ပိုတယ်မရှိ’လို့ ဆိုရိုးစကားရှိတယ်မဟုတ်လား...?

မထင်မှတ်ထားတဲ့ နေရာ၊ မမျှော်လင့်ထားတဲ့ အချိန် မှာ မသိလိုက် မသိဘာသာ ဖြစ်သွားတတ်တဲ့ မတော်တဆ မှုတွေ ကြောင့် ကိုယ့် ရဲ့ တန်ဖိုးရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အထိအခိုက်ခံတော့မှာလား...?

အချိန်တိုင်းမှာ သာယာတဲ့ အခြေအနေတွေကို မပိုင်ဆိုင်နိုင်ပေမဲ့ ဖြစ်လာတဲ့ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နိုင်တဲ့ အခွင့်အရေးတော့ ကျွန်မတို့မှာ ရှိပါတယ်... ထိခိုက်မှု ဖြစ်ပြီး နောက်ပိုင်း ဆုံးရှုံး နစ်နာမှုတွေ အတွက်ကြိုတင် စီမံထားမှုတွေလည်း ပြုလုပ်ထားသင့်ပါတယ်...

သွားသတိ.. လာသတိ.. စားသတိနဲ့ သတိကို ကိုယ်မှာကပ်လို့ သွားလာရင်း မတော်တဆထိခိုက်မှုကြုံလာခဲ့တဲ့ အခါ နစ်နာသမျှကို ပြန်လည်ကုစားနိုင်တယ် ဆိုတဲ့ အဖြေက  အာမခံ ဆိုတဲ့ စနစ်ကနေ အကာအကွယ် ရယူတဲ့ နည်းလမ်း တစ်ခုပဲ ရှိပါတယ်...

ဒါဆို ဒီ အာမခံ ကို ရယူနိုင်တဲ့ သူတွေ က ဘယ်သူတွေ ဖြစ်မလဲ..ဘယ်လို အကျိုးခံစားခွင့်တွေ ရှိမှာလဲ ဆိုရင်တော့...

အာမခံထားခွင့်ရှိသူ တွေက အသက် (၁၆)နှစ်မှ (၆၅)နှစ်အတွင်းရှိ ကျန်းမာရေးကောင်းမွန်သူတိုင်း အာမခံထားနိုင်မှာ ဖြစ်ပါတယ်...

အရွယ်မရောက်သေးသူတွေဆို မိဘ(သို့) အုပ်ထိန်းသူများက  ထားရှိပေးနိုင်ပါတယ်.....

အကျိုးခံစားခွင့်အနေနဲ့ကတော့ မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း၊ မစွမ်းမသန်ဖြစ်ခြင်း၊ ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း၊ ခြေလက်အင်္ဂါဆုံးရှုံးတာတွေ တင်မကဘူး ထိခိုက်မှုကြောင့် အလုပ်မလုပ်နိုင်တော့ တဲ့ အခြေအနေတွေမှာပါ... အကျိုးခံစားခွင့်ရရှိမှာ ဖြစ်တယ်...

ဒါဆို အကျိုးခံစားခွင့်လည်း သိပြီဆိုတော့ သက်တမ်း ကိုလည်း သိချင်မှာပေါ့.

အာမခံသက်တမ်း က (၃)လ ၊ (၆)လ သို့မဟုတ် (၁)နှစ် ထားနိုင်ပါတယ်...

ကိုယ်အင်္ဂါ ထိခိုက်မှုဆိုတာ လူတိုင်းကြုံနိုင်သော အခြေအနေတစ်ခုဖြစ်တာကြောင့် လူတိုင်းထားသင့်တဲ့ အရေးကြီး အကာအကွယ် တစ်ခုဖြစ်ပါတယ်..အထူးသဖြင့်ကိုယ်ကာယသုံး အလုပ်လုပ်ကိုင်ရသူတွေ အနေနဲ့ အဓိက လိုအပ်ချက်အဖြစ် ယူကို ယူထားသင့်တဲ့ အကာအကွယ် ဖြစ်တာမို့... မိမိနဲ့ မိမိ ပတ်ဝန်းကျင် အတွက် လုံခြုံ စိတ်ချရမယ့် စနစ်တစ်ခုကို အခုပဲ ရယူဖို့ တိုက်တွန်းရင်း ယမ်းအာမခံ ရဲ့ အာမခံ ဆိုင်ရာ သတင်းအချက်အလက် များကို ဆက်လက်ရယူနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်...

“တိကျမြန်ဆန်...ယမ်းအာမခံ”