Phone09 4577 00 110 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.

ပုံမှန်တိုးပွား ငွေရင်းများ

Category : Article, Insurance | Date : March 23, 2020

အာမခံချက်အပြည့်အဝနဲ့ ငွေစုဆောင်းနိုင်မယ့် နည်းလမ်းလည်းဖြစ် ၊ အာမခံဝန်ဆောင်မှုတစ်ခုလည်းဖြစ်တဲ့ “နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ”ရဲ့ လှို့ဝှက်ချက်ကို ဒီနေ့မှာ ပြောပြပေးချင်ပါတယ်...

လူရယ်လို့ဖြစ်လာပြီဆိုရင် ကျန်းမာရေး ၊ ပညာရေး ၊ လူမှုရေး ၊ ဘာသာသာသနာရေး တွေနဲ့ ဘယ်သူမှမကင်း နိုင်ကြပါဘူး. ပစ္စုပ္ပန်မှာလည်း ဒီအရေးတွေကို ဖြေရှင်းကြရသလို နောင်အနာဂတ်အတွက်လည်း ငွေကို တစ်ပုံခွဲပြီး စုဆောင်းကြရပါတယ်...

မိတ်ဆွေတော်တော်များများ ငွေစုကြတဲ့အခါ စုဘူးနဲ့ စုတာ ၊ ဘဏ်မှာ ငွေအပ်ပြီး စုတာ ၊ အတိုးနဲ့ ငွေချေးပြီး စုတာ မျိုးတွေ တွေ့ရပါတယ်. ဒီလိုစုဆောင်းတာ ကောင်းတဲ့လုပ်ရပ်တစ်ခုဆိုပေမယ့် ငွေလည်းစုမိတဲ့အပြင် ဘဝအာမခံချက်လည်းရနိုင်တဲ့ ငွေစုနည်းကို မိတ်ဆွေတို့နဲ့ မိတ်ဆက်ပေးပါရစေ…

ဒါကတော့ ငွေလည်းစုမိ အတိုးလည်းပွား မတော်တဆမှုဖြစ်ခဲ့ရင်တောင် အကျိုးခံစားမှုတွေ ရရှိမယ့် “နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ - Short Term Endowment Life Insurance”နဲ့ ငွေစုတဲ့ နည်းလမ်းပဲဖြစ်ပါတယ်. ဒီအာမခံ ဝန်ဆောင်မှုက အခြားငွေစုနည်းတွေနဲ့ ဘာတွေကွာခြားလဲ? ဘာတွေပိုကောင်း သလဲ? ဆိုတော့

နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ ထားမယ်ဆိုရင်…

ဘယ်လို အကျိုးခံစားခွင့်တွေရရှိမလဲ?

- နှစ်စေ့ အကျိုးခံစားခွင့် (Maturity Benefit)
- သေဆုံးမှုအကျိုးခံစားခွင့် (Dead Benefit)
- ထာဝစဉ်မသန်မစွမ်းအကျိုးခံစားခွင့် (Total Permanent Disability Benefit)
- ပေါ်လစီကို စာရင်းပိတ်ခြင်း (Paid up Policy)
- အမ်းငွေထုတ်ယူခြင်း (Surrender Value)
- ချေးငွေရနိုင်ခြင်း (Policy Loan)

ဘယ်သူတွေ အာမခံထားခွင့်ရှိလဲ?

မိမိအသက်ကို အာမခံထားနိုင်ပါတယ်. ဇနီး ခင်ပွန်း အပြန်အလှန်အသက်အာမခံ ထားနိုင်ပါတယ်. မိဘမှ သား၊ သမီး၏ အသက်ကို အာမခံ ထားနိုင်ပါတယ်….

အသက်ကန့်သတ်ချက်ကရော?

အသက် (၁၀) နှစ်မှ (၆၀) နှစ် အတွင်းရှိရပါမယ်. အသက်(၁၀) နှစ်မှ (၁၈) နှစ် အတွင်းရှိသူ များ မိဘ၊ အုပ်ထိန်းသူ၏ ခွင့်ပြုချက်စာဖြင့် အသက်အာမခံထားနိုင်ပါတယ်….

အာမခံသက်တမ်း ဘယ်လောက်ထားလို့ရလဲ?

အာမခံသက်တမ်း (၅) နှစ် (သို့မဟုတ်) (၇) နှစ် (သို့မဟုတ်) (၁၀) နှစ် အထိ ထားနိုင်ပါတယ်. အသက် (၅၆) နှစ်မှ (၅၈) နှစ်ထိရှိသူများ အာမခံ သက်တမ်း (၇) နှစ် ထားနိုင်ပါတယ်…
အသက် (၅၉) နှစ်မှ (၆၀) နှစ် အထိရှိသူများ အာမခံ သက်တမ်း (၅) နှစ် ထားနိုင်ပါတယ်…

အာမခံထားငွေကရော....?

အနည်းဆုံး ကျပ် (၁၀) သိန်း နဲ့အများဆုံး ကျပ်သိန်း (၅၀၀)အထိ ထားရှိနိုင်မှာပဲ ဖြစ်ပါတယ်...

အခုဆိုရင် နှစ်တိုငွေပင်ငွေရင်းအသက်အာမခံအကြောင်း ပြောပြပြီးပြီဆိုတော့ မိတ်ဆွေတို့လည်း ငွေပင်ငွေရင်းတွေ ပိုမိုတိုးပွားပြီး ဘဝအတွက်လည်းအာမခံချက်ရှိဖို့ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ ထားရင်း ငွေစုကြမယ်ဆိုရင်တော့ တိကျမှန်ကန်ပြီး အမြန်ဆုံးဝန်ဆောင်မှုပေးနိုင်တဲ့ ယမ်းအာမခံမှာ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံဝန်ဆောင်မှုကို ရယူနိုင်ပါပြီ….

“တိကျမြန်ဆန် ယမ်းအာမခံ”