Phone09 4577 00 110 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.

နှစ်တိုငွေပင်ငွေရင်း အသက်အာမခံဆိုတာ…

Category : Article, Insurance | Date : November 5, 2019

ဘဝဆိုတာ အလှည့်အပြောင်းတွေနဲ့ ရုပ်ရှင်ဆန်ဆန် ကျွန်တော်တို့နေ့စဉ်ဖြတ်သန်းနေရတဲ့ အရာတစ်ခုမဟုတ်ပါလား...?

သည်လိုဖြတ်သန်းနေရတဲ့ ဘဝတစ်လျှောက်မှာ မတော်တဆဆိုတဲ့ ခေါင်းစဉ်အောက် ကျွန်တော်တို့နစ်နာဆုံးရှုံးမှုတွေကလည်း တစ်သီတစ်တန်းကြီးပါ...ဒီလိုနစ်နာဆုံးရှုံးမှုတွေကနေ ကာကွယ်နိုင်ဖို့ လုပ်ဆောင်နိုင်တဲ့ စနစ်ဟာ အာမခံတစ်ခုပဲ ရှိတယ်လို့ ပြောလိုက်ပါရစေ...သည်နေ့မှာတော့ ကျွန်တော်တို့ ယမ်းအာမခံကနေ ဝန်ဆောင်မှုပေးနေတဲ့ “နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ” အကြောင်းအနည်းငယ် ပြောပြပေးချင်ပါတယ်....

နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ(Short Term Endowment Life Insurance)ဆိုသည်မှာ အသက် (၁၀) နှစ်မှ အသက်(၆၀) နှစ်အတွင်း ရှိသူတိုင်း မိမိအသက်သာမက ဇနီး၊ ခင်ပွန်း အပြန်အလှန်အသက်အာမခံ ထားနိုင်သည့် အာမခံအမျိုးအစား တစ်ခုဖြစ်ပါတယ်...အသက်(၁၀) နှစ်မှ (၁၈) နှစ်အတွင်းရှိသူများလည်း မိဘ၊ အုပ်ထိန်းသူ၏ ခွင့်ပြုချက်စာဖြင့် အသက်အာမခံ ထားနိုင်ပါသေးတယ်...

အာမခံသက်တမ်း ဘယ်လောက်ထားနိုင်သလဲ...?

အာမခံသက်တမ်း (၅)နှစ် (သို့မဟုတ်) (၇)နှစ် (သို့မဟုတ်) (၁၀)နှစ် အထိထားနိုင်ပါတယ်...

အသက်(၅၆)နှစ် မှ (၅၈)နှစ် ထိ ရှိသူများ အာမခံသက်တမ်း (၇)နှစ် ထားနိုင်ပြီး အသက် (၅၉) နှစ်မှ (၆၀)နှစ်အထိရှိသူများ အာမခံသက်တမ်း (၅) နှစ်ထားနိုင်ပါတယ်...

ပမာဏဘယ်လောက်ထိ အာမခံထားနိုင်လဲ...?

အနည်းဆုံးကျပ် (၁၀) သိန်း မှ အများဆုံးကျပ် (၅၀၀) သိန်း အထိအာမခံ ထားနိုင်ပါတယ်...

ပရီမီယံနှုန်းထား ကရော...?

ပရီမီယံနှုန်းထားဟာ အာမခံထားသူ အသက်၊ အာမခံသက်တမ်း၊ အာမခံထားငွေ တို့အပေါ်မူတည်၍တွက်ချက်ပါတယ်...

ပရီမီယံကို (၁)လတစ်ကြိမ် ၊ (၃)လတစ်ကြိမ် ၊ (၆)လတစ်ကြိမ် ၊ (၁၂) လတစ်ကြိမ် အရစ်ကျပေးသွင်းနိုင်ပါသည်

ပရီမီယံပေးသွင်းရန် အပိုရက် (၃၀) ခွင့်ပြုတဲ့အပြင်…(၁)လတစ်ကြိမ်ပေးသွင်းသော ပေါ်လစီများအတွက် ပရီမီယံပေးသွင်းရန် အပိုရက် (၁၅)ရက် ခွင့်ပြုပါတယ်..

အကယ်၍ အပိုရက်အတွင်း ပရီမီယံ ပေးသွင်းရန် ပျက်ကွက်လျှင် ပေါ်လစီ ပျက်ပြယ်ပါတယ်...

ရရှိနိုင်သော အကျိုးခံစားခွင့်များအနေနဲ့ကတော့

(၁) နှစ်စေ့ အကျိုးခံစားခွင့် (Maturity Benefit)

(၂) သေဆုံးမှု အကျိုးခံစားခွင့် (Death Benefit)

(၃) ထာဝစဉ် လုံးဝမသန်စွမ်း အကျိုးခံစားခွင့်(Total Permanent Disability Benefit)

(၄) ပေါ်လစီကို စာရင်းပိတ်ခြင်း (Paid Up Policy)

(၅) အမ်းငွေထုတ်ယူခြင်း(Surrender Value)

(၆) ချေးငွေရနိုင်ခြင်း(Policy Loan) စသဖြင့်...အကျိုးခံစားနိုင်မှာဖြစ်ပါတယ်

မရနိုင်သော အကျိုးခံစားခွင့်များအနေဖြင့်

(၁) အာမခံစသည့်နေ့မှ (၁)နှစ်အတွင်း မိမိကိုယ်ကို သတ်သေခြင်း

(၂)  အာမခံဝယ်ယူစဉ်က ဖော်ပြရန် ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် အာမခံစသည့်နေ့မှ (၁) နှစ်အတွင်း သေဆုံးခြင်း

စသည့်ကိစ္စများအတွက် ရရှိနိုင်သောအကျိုးခံစားခွင့်များကို ဆုံးရှုံးရမှာဖြစ်ပါတယ်

နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ အကြောင်းအသေးစိတ်သိရှိခဲ့ပြီးနောက် လူကြီးမင်းတို့အတွက် နစ်နာဆုံးရှုံးမှုများမကြုံရအောင် ကျွန်တော်တို့ ယမ်းအာမခံနှင့် ပူပေါင်းလက်တွဲခြင်းဖြင့် ကာကွယ်နိုင်ပါသေးတယ်...

“တိကျမြန်ဆန်...ယမ်းအာမခံ”