Phone09 4577 00 110 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.

ကံကြမ္မာကိုသာ ရိုးမယ်ဖွဲ့တော့မှာလား…

Category : Article, Insurance | Date : March 7, 2020

လှပသာယာတဲ့ အနာဂတ်တစ်ခုကိုပုံဖော်နိုင်ဖို့ဆိုတာ ကျွန်မအပါအဝင် လူသားတိုင်းရဲ့ စိတ်ကူးအိပ်မက်ဖြစ်ပါတယ်၊ အနာဂတ်ကို အစီအစဉ်တကျ သာယာစွာဖြတ်သန်းရင်း ပျော်ရွှင်စရာမိသားစုဘဝလေးနဲ့ အဆုံးသတ်ချင်ကြတာ ဓမ္မတာပါ...

ဒါပေမဲ့ ကျွန်မတို့မေ့နေတာက မမြင်ရတဲ့ ကံဇာတ်ဆရာရဲ့ ဇာတ်လမ်းမှာ သာယာမှုတွေချည်းပဲ ဖန်တီးထားတာမဟုတ်ဘဲ၊ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေကိုခေါ်ဆောင်လာတတ်သေးတယ်ဆိုတာပါပဲ...

ဒီ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေမှာ အဖြစ်အများဆုံးက ချေးငွေယူပြီး လူနေမှုအဆင့်အတန်းရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပြီးမှ ပြန်မဆပ်နိုင်တော့တဲ့အခါ ပစ္စည်းလည်းရှုံး၊ လူလည်းဆုံး ဖြစ်ရတဲ့ဖြစ်ရပ်တွေအများကြီးမြင်ဖူးကြမှာပါ...

ကျွန်မအမေဆို သူရဲ့ဆိုင်လုပ်ငန်းအတွက် အသေးစားငွေချေးလုပ်ငန်းတစ်ခုက ချေးငွေရယူရာက မကျန်းမာတဲ့ အခြေအနေကြောင့်ပြန်မဆပ်နိုင်ရာက ဆိုင်ကိုပါအပ်လိုက်ရတဲ့အခြေအနေမျိုး ကြုံခဲ့ဖူးပါတယ်...

ဒီဖြစ်ရပ်က ကျွန်မတို့ မိသားစုအတွက် ခြောက်ခြားစရာကောင်းသလို၊ နလန်မထူနိုင်အောင် ဖြစ်ခဲ့ရတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်၊ မိသားစု စီးပွားရေး ပြန်လည်ထူထောင်ရာမှာ နှစ်အတော်ကြာကြာအကြပ်အတည်းတွေ့ခဲ့ရပါတယ်...

ဒီဖြစ်ရပ်ကို ကြည့်ပြီး ကျွန်မရဲ့ မိသားစုကိုအကောင်းဆုံးကာကွယ်နိုင်မယ့်နည်းလမ်းကို ရှာဖွေမိပါတယ်၊ ရှာဖွေရင်း အခုဆို ယမ်းအာမခံမှာ ချေးငွေရယူထားတဲ့သူတွေအတွက် သီးသန့်ထားရှိနိုင်တဲ့ အာမခံ အမျိုးအစားတစ်ခုကို ရှာတွေ့ခဲ့ပါပြီ...

ဒီအာမခံကတော့ ကျွန်မအမေလို ချေးငွေမဆပ်နိုင်တော့တဲ့အခါ ပေးဆပ်ရန်ကျန်ရှိနေတဲ့ကာလတစ်ခုအတွက် ပေးချေမှုရရှိခြင်းနှင့် ဝယ်ယူထားသောပစ္စည်းများကို မိသားစုမှ ပိုင်ဆိုင်ခွင့်ရရှိတာတွေ ရရှိနိုင်မယ့် နှစ်တိုချေးငွေအာမခံ အမျိုးအစားပဲဖြစ်ပါတယ်...

ဒါကြောင့် ကျွန်မလိုပဲ ကံဇာတ်ဆရာ အလိုကျမဟုတ်ဘဲ သူများနဲ့မတူတဲ့ကံကြမ္မာကိုပြောင်းလဲပြီး မိသားစုအတွက် အကာအကွယ် ရယူလိုရင်တော့ ယမ်းအာမခံ နဲ့သာဆက်သွယ်ပြီး “နှစ်တိုးချေးငွေအသက်အာမခံ” ထားရှိလိုက်ပါတော့နော်....

" တိကျမြန်ဆန် ယမ်းအာမခံ ''