Phone09 4577 00 110 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.

အမွေပေးမယ်ဆိုရင်

Category : Article, Insurance | Date : April 2, 2020

‘အမွေ’ ပေးတယ်လို့သုံးနှုန်းလေ့ရှိတဲ့ မိဘတိုင်းက သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို သားသမီးတွေထံ လက်ဆင့်ကမ်းပေးတဲ့ ဓလေ့ ဟာ လောကရဲ့ ဓမ္မတာတစ်ခုပါပဲ…

စီးပွားရေး လုပ်ငန်းတွေ ၊ ရွှေငွေကျောက်သံပတ္တမြားတွေ ၊ အိမ်ခြံမြေတွေ ကိုလည်း အမွေအဖြစ် ပေးတတ်ကြသလို ဒီထက်မက သာလွန်ပြည့်စုံတဲ့ အမွေအဖြစ် သားသမီးတွေ ဘဝတစ်သက်လုံး ဘာကိုမှမကြောင့်မကျဘဲ စိုးရိမ်းကင်းကင်းနဲ့ ရှင်သန်နိုင်ဖို့ တန်ဖိုးမဖြတ်နိုင်တဲ့ ပညာရေးအမွေ ကို အဓိကအနေနဲ့ ပေးကြတယ် မဟုတ်လား?...

ဒါကြောင့် သားသမီးတွေ ပညာရေးခရီးဖြောင့်ဖြူးစေဖို့ အတွက် ငွေကြေးအထောက်အပံ့ရစေမည့် အာမခံအမျိုးအစားတစ်ခုဖြစ်တဲ့ ‘စာသင်သားအသက်အာမခံ (Student Life Insurance)’ ကိုရယူထားပြီး သားသမီး တို့ရဲ့ ဘဝအတွက် အဓိကအရေးကြီးဆုံးသော ပညာရေးအမွေ ကိုပေးကြပါစို့ လို့ တိုက်တွန်းလိုက်ပါရစေ…

ဘယ်သူတွေ အာမခံထားနိုင်လဲ?
အသက် (၁၈)နှစ်မှ (၅၅)အတွင်းရှိတဲ့ မိခင်(သို့) ဖခင်က ဝယ်ယူပေးရမှာ ဖြစ်ပြီး အသက် (၁)နှစ် မှ (၁၂)နှစ်အတွင်းရှိ သား(သို့) သမီး အား စာသင်သားအသက်အာမခံ ထားပေးနိုင်ပါတယ်…

အာမခံသက်တမ်း?
အနည်းဆုံး (၈)နှစ် မှ အများဆုံး (၁၉)နှစ်အထိ ထားရှိနိုင်ပါတယ်…

အာမခံထားငွေ?
အနည်းဆုံး ကျပ် (၁၀)သိန်း မှ ကျပ် သိန်း (၁၀၀၀) အထိ ထားရှိနိုင်ပါတယ်… အာမခံကြေးပေးသွင်းပြီးနောက် အာမခံထားသူ ရင်သွေးငယ် အသက် (၁၇)နှစ် မှစ၍ အသက် (၁၈၊၁၉၊၂၀)နှစ်တို့တွင် အာမခံထားငွေ၏ ၂၅% ကို (၄)နှစ် အညီအမျှခွဲ၍ နှစ်စဉ်ပေးပါမယ်…

အကျိုးခံစားခွင့် တွေကရော?
ပညာရေးအကျိုးခံစားခွင့်အပြင် သေဆုံးမှုအကျိုးခံစားခွင့်၊ ထာဝစဉ်မသန်မစွမ်းအကျိုးခံစားခွင့်၊ အာမခံပေးသွင်းငွေကင်းလွတ်ခွင့်၊ ပေါ်လစီကို စာရင်းပိတ်ခြင်း၊ အမ်းငွေထုတ်ယူခြင်းနှင့် ချေးငွေရနိုင်ခြင်း စတဲ့အကျိုးခံစားခွင့်တွေ ရရှိမှာဖြစ်ပါတယ်…

ဒါကြောင့် မိတ်ဆွေတို့ရေ သားသမီးတွေ ပညာရေးခရီးဖြောင့်ဖြူးစေဖို့ အတွက် ငွေကြေးအထောက်အပံ့ ရနိုင်မယ့် ‘စာသင်သားအသက်အာမခံ (Student Life Insurance)’ ကို ရယူထားချင်တယ် ဆိုရင်တော့ တိကျမှန်ကန်ပြီး အမြန်ဆုံးဝန်ဆောင်မှုပေးနိုင်တဲ့ ယမ်းအာမခံကို အမြန်ဆုံးဆက်သွယ်လိုက်ပါနော်…

“တိကျမြန်ဆန် ယမ်းအာမခံ”