Phone09 4577 00 110 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.

လောကကြီးတစ်ခုလုံးကို ပိုင်ဆိုင်ရဖို့

Category : Article, Education | Date : January 21, 2020

အနာဂတ်ကို အပိုင်စားရဖို့ အတွက် ပညာရေးသာအားကိုးစရာ လက်နက်တစ်ခုပါ၊ နည်းပညာတိုးတက်လာတဲ့ ဒီဘက် ခေတ်မှာတော့ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီးလုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ ပညာတတ်လူငယ်အင်အားကိုလက်နက်တစ်ခုအနေနဲ့ အသုံးပြုနေပါပြီ...

ဒါဆို လူငယ်တွေ ပညာတတ်ဖို့လိုလာပြီပေါ့၊ နိုင်ငံ့အနာဂတ်သားငယ်၊သမီးငယ်တွေကို ကောင်းမွန်ပြည့်စုံတဲ့ပညာရေးနဲ့သာ ရှင်သန်စေချင်တာ မိဘတိုင်းဆန္ဒဖြစ်မယ်ထင်ပါတယ်၊ ဆန္ဒရှိတာပေါ့ ဒါပေမဲ့ ချွတ်ချော်တိမ်းပါးမှုတစ်ခုခုကြောင့်များ သားငယ်၊ သမီးငယ်ရဲ့ ပညာရေးဆုံးခန်းမတိုင်ခဲ့ဘူးဆိုရင်ဆိုတဲ့ စိုးရိမ်မှု ကြီးစိုးနေပြီလား...

ဒီလို စိုးရိမ်နေတယ်ဆို သင့် ကလေးငယ်အနာဂတ်မှာပညာတတ်လူငယ်အဖြစ်ရပ်တည်နိုင်ဖို့ ကြိုတင်အစီအမံတွေချထားနိုင်ပြီ ဖြစ်ကြောင်း သတင်းပေးပါရစေ...

သင့်ရဲ့ ချွတ်ချော်မှုတစ်စုံတရာရှိခဲ့ရင်တောင်မှ သင့်ကလေးငယ်ပညာရေးကိုဆုံးခန်းတိုင်သင်ကြားနိုင်တဲ့ ကြိုတင်အစီအမံကတော့ ပညာရေးအသက်အာမခံ လို့ ခေါ်တဲ့ စိုးရိမ်ကြောင့်ကြမှုမရှိဘဲပညာသင်ကြားနိုင်အောင် ငွေကြေးထောက်ပံ့ပေးနိုင်တဲ့အာမခံ ထား ရှိခြင်းပါပဲ...

သင့် ကလေးကို ဒီလို အထောက်အပံ့ရရှိနိုင်ဖို့အတွက် သင် ကိုယ်တိုင် အသက်(၁၈)နှစ်ပြည့်မီတာနဲ့ ဒီအခွင့်အရေးကို အရယူနိုင်ပြီ ဖြစ်ပါတယ်၊ ဒီ အာမခံက သင့်အခြေအနေတစ်ခုအပြောင်းအလဲ ဖြစ်ခဲ့ရင်တောင် သင့်ကလေးပညာရေးကို ဆုံးခန်းတိုင်အောင် ကူညီ ပေးပါလိမ့်မယ်...

သင့်ကလေးရဲ့ အနာဂတ်တံခါးပေါက်ကို ဖွင့်ဖို့ သင့်အခုမလုပ်ရင် ဘယ်ချိန်လုပ်မှာလဲ...အခုပဲ အာမခံ အကျိုးခံစားခွင့်များနှင့် ပတ်သက်လို့ ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ ယမ်းအာမခံနဲ့ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နိုင်ပါပြီ....

“တိကျမြန်ဆန် ယမ်းအာမခံ”