Phone09 4577 00 110 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.

“ခရစ္စမတ်ကာလမှာ ခရီးသွားတဲ့အခါ”

Category : Article, Travel | Date : December 27, 2019

ခရစ္စမတ်ကာလဟာ တစ်နှစ်ပတ်လုံးမှာ ခရီးသွားလို့အကောင်းဆုံးကာလလို့တောင် ပြောလို့ရပါတယ်... ခရီးသွားရာသီကိုရောက်လာတာနဲ့ အမျှ မိသားစုနဲ့ အတူပျော်ရွှင်ဖို့ ၊  သူငယ်ချင်းတွေနဲ့အတူ လန်းဖို့၊ ချစ်သူနဲ့အတူ ကြည်နူးဖို့၊ တယောက်တည်းလည်း စိတ်ဖိစီးမှုတွေ ပြေပျောက်ဖို့ ခရီးထွက်လေ့ရှိကြပါတယ်..

ပျော်စရာတွေကြုံဖို့၊ စိတ်ညစ်စရာတွေ ပြေပျောက်ဖို့ ခရီးသွားကြရင်း မထင်မှတ်ထားတဲ့ အလှည့်အပြောင်း အန္တရာယ် တွေကြုံရတဲ့ အခါ အပြည့်အဝကာကွယ်ပေးနိုင်တဲ့ အရာတခုတော့ ကိုယ်ဘက်မှာရှိဖို့ လိုတာပေါ့..

ဒီလိုဆိုရင်တော့ ယမ်း အာမခံက သင့်ဘေးနားမှာ အမြဲရှိနေပါတယ်…

  • ယမ်းနဲ့ ခရီးသွားနိုင်သူတွေက ဘယ်သူတွေလဲ ???

ပြည်တွင်း၊ ပြည်ပ ခရီးစဉ်ကို လေယာဉ်၊ ရေယာဉ်၊ ကိုယ်ပိုင်ယာဉ် (သို့မဟုတ်) စင်းလုံးဌားယာဉ်များဖြင့် စီးနင်းလိုက်ပါလာသော ခရီးသွားမည့်သူများ၊ အများပြည်သူသုံး ယာဉ်လိုင်းများဖြင့် စီးနင်းလိုက်ပါမည့် ခရီးသည်များ ဖြစ်ပြီး အသက်အရွယ်ကန့်သတ်ချက် မရှိဘူးနော်..

အာမခံ သက်တမ်း ကို ဘယ်လို သတ်မှတ်ထားတာလဲ ဆိုတော့ ပြည်တွင်း ဆို (၁)ရက်ကနေ အများဆုံး (၃) လ၊ ပြည်ပဆို (၁) ပတ်ကနေ အများဆုံး (၃)လ ထိ ဖြစ်ပြီးတော့ မိုင် (၁၀၀) ခရီးသွားတွေအနေနဲ့ ခရီးစဉ်အစအဆုံး တစ်ခေါက်စာ ထားလို့ ရပါတယ်နော်…

ပရီမီယံနှုန်းထားတွေကတော့ ပြည်တွင်းခရီးသွားအာမခံ အတွက် ဆို (၁) ရက်၊ (၃)ရက် ခရီးနဲ့ (၁)ပတ်၊ (၂)ပတ် ခရီးစဉ်တွေ အပြင် (၁) လ၊ (၂) လနဲ့ (၃) လ ခရီးစဉ်တွေ အထိ ကျပ် (၁၀၀) ကနေ ကျပ် (၅၀၀) ဆိုပြီး သတ်မှတ်ထားပါတယ်..

ပြည်ပ ခရီးသွားအာမခံကတော့ (၁) ပတ်ခရီးအတွက် ကျပ် (၂၀၀)၊ (၂)ပတ်ခရီးအတွက် (၂၅၀) ကျပ်၊ (၁) လခရီးအတွက် ကျပ် (၃၀၀)၊ (၁) လနဲ့ ၁၅ ရက်အတွက် ကျပ် (၃၅၀)၊ (၂)လ ခရီးအတွက် (၄၀၀) ကျပ်၊ (၂) လခရီးအတွက် (၄၅၀)နဲ့ (၃)လ ခရီးအတွက် ကျပ် (၅၀၀) သတ်မှတ်ပေးထားတယ်နော်…

ပရီမီယံနှုန်းထားတွေ သိပြီးပြီဆိုတော့ ခံစားခွင့်အသေးစိတ်လေးတွေကရော ဘာတွေဖြစ်မလဲ ဆိုတော့…

အာမခံ နှစ်ခုလုံးအတွက် ထိခိုက်ဒဏ်ရာရရှိခြင်း၊ မသန်စွမ်းဖြစ်တယ်ဆိုရင် ဆရာဝန်ထောက်ခံချက်နဲ့ သတ်မှတ်ထားသောနှုန်းထားအတိုင်းရရှိနိုင်မှာပါ..

ရရှိတဲ့ဒဏ်ရာနဲ့ ဆေးရုံတက်ရမယ်ဆိုရင်တော့ ပြည်တွင်း၊ ပြည်ပ ခရီးသွား အာမခံ အတွက် (၁) ပတ်စာ (၁)ယူနစ် အတွက် ကျပ် (၄၀၀၀) နဲ့ (၅၂) ပတ် အထိ ခံစားခွင့်ရမှာဖြစ်ပြီး၊ မိုင် (၁၀၀) ခရီးအာမခံအတွက်တော့ (၁) ပတ်လျှင် (၁)ယူနစ် အတွက် ကျပ် (၃၂၀၀) နဲ့ (၅၂) ပတ် အထိ ခံစားခွင့်ရမှာဖြစ်ပါတယ်…

အဆင်ပြေ ချောမွေ့တဲ့ ခရီးစဉ်ဖြစ်ဖို့၊ ပျော်ရွှင်စရာ ခရီးစဉ်လေးတွေဖန်တီးနိုင်ဖို့ ယမ်းအာမခံ နဲ့ ယုံကြည်စွာ လက်တွဲလိုက်ပါနော်...

“တိကျမြန်ဆန်...ယမ်းအာမခံ”