Phone09 4577 00 110 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.

ဘဝရှေ့ရေးအတွက် အာမခံချက်တော့လိုမယ်

Category : Article, Insurance | Date : December 25, 2019

မိတ်ဆွေတို့ရေ….လူတိုင်းလူတိုင်းက ရှေ့ရေးကိုကြိုတွေးပြီး နောင်အခါမပူမပင်နေနိုင်ရေးအတွက် ရွှေစု ၊ ငွေစု ၊ အရင်းအနှီးတွေစုဆောင်းကြတယ်မဟုတ်လား?....

ဒီလို စုဆောင်းတဲ့နည်းလမ်းတွေအများကြီးထဲက မိတ်ဆွေတို့အတွက်အကျိုးခံစားခွင့်များစွာပြန်လည်ရရှိစေမယ့် နည်းလမ်းကောင်းတစ်ခုကတော့ “နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ - Short Term Endowment Life Insurance” ထားခြင်းပါပဲ...ဘာကြောင့်လဲဆိုတာသိဖို့ အောက်မှာ ဆက်ပြီး လေ့လာကြည့်ကြရအောင်...

နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ ထားမယ်ဆိုရင်…

ဘယ်လို အကျိုးခံစားခွင့်တွေရရှိမလဲ?

- နှစ်စေ့ အကျိုးခံစားခွင့် (Maturity Benefit)

- သေဆုံးမှုအကျိုးခံစားခွင့် (Dead Benefit)

- ထာဝစဉ်မသန်မစွမ်းအကျိုးခံစားခွင့် (Total Permanent Disability Benefit)

- ပေါ်လစီကို စာရင်းပိတ်ခြင်း (Paid up Policy)

- အမ်းငွေထုတ်ယူခြင်း (Surrender Value)

- ချေးငွေရနိုင်ခြင်း (Policy Loan)

ဘယ်သူတွေ အာမခံထားခွင့်ရှိလဲ?

မိမိအသက်ကို အာမခံထားနိုင်ပါတယ်. ဇနီး ခင်ပွန်း အပြန်အလှန်အသက်အာမခံ ထားနိုင်ပါတယ်. မိဘမှ သား၊ သမီး၏ အသက်ကို အာမခံ ထားနိုင်ပါတယ်….

အသက်ကန့်သတ်ချက်ကရော?

အသက် (၁၀) နှစ်မှ (၆၀) နှစ် အတွင်းရှိရပါမယ်. အသက်(၁၀) နှစ်မှ (၁၈) နှစ် အတွင်းရှိသူ များ မိဘ၊ အုပ်ထိန်းသူ၏ ခွင့်ပြုချက်စာဖြင့် အသက်အာမခံထားနိုင်ပါတယ်….

အာမခံသက်တမ်း ဘယ်လောက်ထားလို့ရလဲ?

အာမခံသက်တမ်း (၅) နှစ် (သို့မဟုတ်) (၇) နှစ် (သို့မဟုတ်) (၁၀) နှစ် အထိ ထားနိုင်ပါတယ်. အသက် (၅၆) နှစ်မှ (၅၈) နှစ်ထိရှိသူများ အာမခံ သက်တမ်း (၇) နှစ် ထားနိုင်ပါတယ်…

အသက် (၅၉) နှစ်မှ (၆၀) နှစ် အထိရှိသူများ အာမခံ သက်တမ်း (၅) နှစ် ထားနိုင်ပါတယ်…

အာမခံထားငွေ _ အနည်းဆုံး ကျပ် (၁၀) သိန်း နဲ့အများဆုံး ကျပ်သိန်း (၅၀၀) …

ပေါ်လစီတည်မြဲခြင်း _ ပရီမီယံကို အနည်းဆုံး (၁) နှစ် အတွက် ပေးသွင်းပြီးပါက ပေါ်လစီ အတည်ဖြစ်ပါတယ်…

ကျန်းမာရေးဆေးစစ်ခြင်း _ အာမခံကုမ္ပဏီနှင့်ချိတ်ဆက်ထားသော ဆေးရုံ/ဆေးခန်းများမှ ဆရာဝန်များ…

ပရီမီယံနှုန်း _ အာမခံထားသူအသက်၊ အာမခံသက်တမ်း နှင့် အာမခံထားငွေတို့အပေါ်မူတည်၍ တွက်ချက်ပါတယ်…

ပရီမီယံပေးသွင်းခြင်း _ ပရီမီယံကို(၁)လတစ်ကြိမ်၊ (၃)လ တစ်ကြိမ်၊ (၆) လတစ်ကြိမ်၊ (၁၂) လတစ်ကြိမ် နှစ်သက် သလို ပေးသွင်းနိုင်ပါတယ်…

အရစ်ကျပရီမီယံကို ပေါ်လစီတွင် ဖော်ပြထား သော ပရီမီယံပေးသွင်းရန် စေ့သည့်နေ့မှ အပို ရက်ပေါင်း (၃၀) အတွင်း ပေးသွင်းရမယ်. ပရီမီယံပေးသွင်းရန်ပျက်ကွက်ပါက ပေါ်လစီ ပျက်ပြယ်ပါတယ်…

နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ အကြောင်းပြောပြပေးပြီးပြီဆိုတော့ နောင်ရေးအတွက် စုဆောင်းထားချင်တဲ့ မိတ်ဆွေတွေအနေနဲ့ အကျိုးခံစားခွင့်တွေ များစွာပြန်လည်ရရှိစေမယ့် အာမခံထားခြင်းနည်းလမ်းကိုလည်း ရွေးချယ်ထားကြပါစို့နော်…

‘တိကျမြန်ဆန်...ယမ်းအာမခံ’