Phone09 4577 00 110 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.

ဘဝနဲ့အာမခံ

Category : Article, Insurance | Date : June 8, 2019

လောကမှာလူရယ်လို့ဖြစ်လာပြီး ဘ၀တစ်ခုကိုပြီးပြည့်စုံအောင် တည်ဆောက်ဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်… “လူတစ်ခု ပူမှုရယ်ဆယ်ကုဋေ” ဘနဲ့ဝ ပေါင်းထားတဲ့ ဘ၀ဟာ စာလုံးလေးနှစ်လုံးထဲပေမယ့် သူ့မှာသုခဒုက္ခ၊ ဆင်းရဲချမ်းသာ၊ ၀မ်းနည်းဝမ်းသာမှုတွေအပြည့်နဲ့ပါ…

အမြဲတမ်းအကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့ လောကကြီးထဲမှာ တစ်ခါတရံ ဘ၀ရဲ့အလှည့်အပြောင်းတွေကြောင့် အမှတ်တမဲ့အဖြစ်ကနေ အမှတ်တရဖြစ်သွားတဲ့ကိစ္စတွေ အများကြီးရှိပါတယ်… လောကဓံရဲ့အလှည့်အပြောင်းတွေကို ခံနိုင်ရည်ရှိအောင် ကြိုတင်ပြင်ဆင်မှုတွေ ကာကွယ်မှုအစီအစဉ်တွေ ကျွန်တော်တို့မှာ ရှိထားသင့်ပါတယ်….

ဘ၀အတွက်ကြိုတင်ကာကွယ်မှုဆိုတဲ့အထဲမှာ အာမခံထားခြင်းလည်း တစ်ခုအပါအ၀င်ပါ… ကျန်းမာရေးနဲ့ ဘ၀နေထိုင်ရေးအတွက် တစ်စုံတစ်ခုဖြစ်ခဲ့ရင် အကာအကွယ်ပေးနိုင်မယ့် အာမခံတစ်ခုခုကို သင်ကိုယ်တိုင်ရော ဒါမှမဟုတ် သင့်မိဘ၊ သားသမီး၊ ဆွေမျိုး၊ လုပ်ဖော်ကိုင်ဖက်တွေအတွက် ရယူထားသင့်ပါတယ်…

ဒါမှသာ အနာဂတ်လမ်းကို အပူပင်ကင်းကင်းနဲ့ လျှောက်လှမ်းပြီး အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခုရယူနိုင်မှာပါ… သင့်ဘ၀လုံခြုံစိတ်ချရေးအတွက် အာမခံတစ်ခုခုရယူချင်တယ် ဒါပေမယ့် အာမခံအမျိုးအစားတွေကများလို့ ဘယ်အမျိုးအစားက သင်နဲ့သင့်တော်သလဲဆိုတာ စဉ်းစားရခက်နေတယ်ဆိုရင်တော့ သင့်ရဲ့လိုအပ်ချက်တွေကို အကူအညီပေးဖို့ ကျွန်တော်တို့ “ယမ်းအာမခံ” မှ နွေးထွေးစွာစောင့်ကြိုလျှက်ရှိနေပါတယ်…

“ပြုံးပျော်လှပတို့တွေဘဝ ယမ်းအာမခံနှင့်အတူ ရှိနေမှ”

ကျွန်တော်တို့အကြောင်း အသေးစိတ်သိရှိလိုပါက

Address: No (886/888), Pyay Road, 9 Mile, Mayangone Township, Yangon, Myanmar.
Hot Line (24/7) : 09 4577 00 110
Phone : 09 2695 70 111 / 222
Email: info@younglifemm.com

တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်...