Phone09 4577 00 110 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.

ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မယ့် အခွင့်အလမ်းကို လက်လွှတ်ခံတော့မလား

Category : Uncategorized | Date : March 7, 2020

အာမခံဆိုတာက မမျှော်လင့်ဘဲ ဖြစ်ပေါ်လာနိုင်တဲ့ဆုံးရှုံးနစ်နာမှုတွေကို ပြန်လည်အစားထိုးနိုင်ရန် ကြိုတင် ကာကွယ် မှုရယူခြင်းပဲဖြစ်ပါတယ်…
ဒါကြောင့် ကျန်းမာရေးအတွက် ဆေးကုသစရိတ်များကို ဖြည့်တင်းပေးနိုင်တဲ့ ကျန်းမာရေးအာမခံ၊ ပညာရေးအတွက် အစီအစဉ်တွေနဲ့ စာသင်သားအသက်အာမခံတွေအပြင် သဘာဝဘေးနှင့် အချိန်မရွေးဖြစ်ပေါ်နိုင်သည့်မီးဘေးမှ ကာကွယ် ပေးနိုင်သည့် မီးအာမခံ များ စတဲ့ ဆုံးရှုံးနစ်နာမှုမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်နိုင်သည့် အာမခံအမျိုးအစား အများအပြားရှိသည့်အနက် ပရီမီယံကြေးတကြိမ်သာပေးနိုင်တဲ့ “နှစ်တိုချေးငွေအသက်အာမခံ” ကို ယမ်းအာမခံ မှာထားရှိနိုင်နေပါပြီ.....

ဘယ်လို အာမခံ အမျိုးအစားလဲ...
“နှစ်တိုချေးငွေအသက်အာမခံ” ဆိုတာကတော့ ငွေကြေးအရအကာအကွယ်ပေးနိုင်မယ့် အာမခံ အမျိုးအစားဖြစ်ပြီးတော့ ငွေချေးလုပ်ငန်းတွေနှင့် အဓိကအလုပ်လုပ်ကိုင်နေသည့် ပြည်သူအများထားရှိနိုင်ရန်ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်...

အကာအကွယ်ဘယ်လိုရနိုင်မှာလဲ
အာမခံထားရှိသူသည် လုပ်ငန်းချေးငွေထုတ်ယူထားပြီးနောက် မမျှော်လင့်ထားသောအခြေအနေတစ်ခုကြောင့် ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသောအခါမျိုးမှာ “နှစ်တိုချေးငွေအသက်အာမခံ”အကာအကွယ်ကိုရရှိမှာဖြစ်ပါတယ်...

အာမခံ ထားရှိသင့်တဲ့ သူတွေက ဘယ်သူတွေဖြစ်မလဲ
ဘဏ်များ၊ ချေးငွေလုပ်ငန်းလုပ်ကိုင်သော အဖွဲ့အစည်းများမှ ချေးငွေထုတ်ယူထားသူတွေ အဓိကထားရှိသင့်ပါတယ်...

အာမခံသက်တမ်း ဘယ်လောက်ထားနိုင်မလဲ...
အာမခံသက်တမ်းကတော့ ၁နှစ်ကနေ ၂နှစ်ထိ သို့မဟုတ် ချေးငွေပေးဆပ်ရန်ကျန်ရှိနေသည့် ကာလအထိထားရှိနိုင်မှာဖြစ်ပါတယ်...

အာမခံ ဘယ်လိုထားနိုင်မလဲ
ကျပ်ငွေ တစ်သိန်းမှစတင်အာမခံ ထားရှိနိုင်မှာဖြစ်ပြီး ပရီမီယံကြေးတစ်ကြိမ်သာပေးသွင်းရန်လိုအပ်တဲ့ တစ်ခုတည်းသော အာမခံဖြစ်ပါတယ်....

အကာအကွယ် ဘယ်လိုရရှိနိုင်မလဲ....
အာမခံထားရှိထားသူ သေဆုံးခြင်း သို့မဟုတ် ထာဝရနာမကျန်းဖြစ်တဲ့ အခြေအနေမျိုးတွေမှာ အကာအကွယ်ရရှိမှာဖြစ်ပါတယ်...

တကယ်ရော ကာကွယ်ပေးနိုင်မှာလား
ချေးငွေနှင့် ဝယ်ယူထားသော ပစ္စည်းများကို လွဲပြောင်းပေးအပ်ခံမိသားစုမှ ဆက်လက်ပိုင်ဆိုင်ခွင့်ရရှိခြင်း
ငွေချေးလုပ်ငန်းမှလည်း ချေးငွေများပြန်လည်ရရှိခြင်း...စတဲ့ အကျိုးကျေးဇူးတွေရရှိမယ့် တစ်ခုတည်းသော အာမခံဖြစ်တာကြောင့် အကောင်းဆုံးအကာအကွယ်ဖြစ်ပါတယ်....

“နှစ်တိုချေးငွေအသက်အာမခံ” ဆိုတာ တစ်ဦးတစ်ယောက်ချင်းရဲ့ ဘဝနေထိုင်မှု အခက်အခဲမှန်းသမျှကိုဖြေရှင်းနိုင်တဲ့အာမခံ အမျိုး အစား ဖြစ်တဲ့အပြင်မိသားစုတစ်စုလုံးကို အကာအကွယ်ပေးနိုင်တဲ့ အာမခံဖြစ်လို့ ရယူထားသင့်တဲ့ အာမခံ အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်...

ဒါကြောင့် အာမခံဝန်ဆောင်မှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ယမ်းအာမခံ ကို ဆက်သွယ်လို့ ဝန်ဆောင်မှုများရယူနိုင်ပါပြီ...

“ တိကျမြန်ဆန် ယမ်းအာမခံ ”